ရိန်းနဲ့ ကင်ထယ်ဟီးတို့ရဲ့ ပထမဆုံး ရင်သွေးလေး

kim.jpg

ကိုရီးယားမှ နာမည်ကျော် စုံတွဲဖြစ်တဲ့ ရိန်းနဲ့ ကင်ထယ်ဟီးတို့ဟာ သူတိုရဲ့ ပထမဆုံး ရင်သွေးလေး ရှိနေပြီဆိုတဲ့  အကြောင်း တရားဝင်ကြေညာခဲ့တာ မေလ ကတည်းကပါ။ အခု အချိန်မှာတော့ ကင်ထယ်ဟီး မီးဖွားမယ့်ရက်ကိုပါ ကြေညာလိုက်တာပါ။ အားလုံးက သမီးလေးလို့ ထင်ကြေးပေးနေကြပြီး အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းလောက်မှာ သူတို့ရဲ့ ပထမဆုံး ရင်သွေးလေးကို မွေးဖွားမှာဖြစ်တယ်လို့သိရပါတယ်။

သူတို့ရဲ့ ရင်သွေးလေးက သားလေးဖြစ်မလား သမီးလေး ဖြစ်မလားဆိုတာကိုတော့ ရိန်းနဲ့ ကင်ထယ်ဟီးတို့ရဲ့ အေဂျင်စီက တရားဝင်မကြေညာခဲ့ပါဘူး။ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စဖြစ်တဲ့ အတွက် အေဂျင်စီကတောင် မသိပါဘူးလို့ ဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ 2017 ခုနှစ် ဇန်နဝါရီလက လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာတော့ ပထမဆုံး ရင်သွေးလေးကို ရရှိတော့မှာပဲဖြစ်ပါတယ်။ သူတို့ရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ ကလေးလေးရဲ့ ချစ်စရာ အသွင်ကို ကြိုပြီး စိတ်ကူးကာ ဓာတ်ပုံ ဖန်တီတဲ့ application တွေက တစ်ဆင့် ရိန်းနဲ့ ကင်ထယ်ဟီးတို့ရဲ့ ကလေးပုံလေးတွေကို ကြိုတင် ခန့်မှန်းနေကြတယ်လို့ သိရပါတယ်။
Ref: Koreaboo: Everything You Need To Know About Rain and Kim Tae Hee’s First Child
Zym (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top