နှစ် (၃၀) ပြည့် သူငယ်ချင်းဆက်ဆံရေးအဖြစ် ထူးထူးခြားခြားအမှတ်တရလေး လုပ်ခဲ့တဲ့အမျိုးသမီးနှစ်ဦး

preview-13133960-1200x630-99-1560156553.jpg

စစ်မှန်တဲ့သူငယ်ချင်းဆက်ဆံရေးက ဘဝမှာ ဘယ်လိုအတားအဆီးတွေ၊ ဘယ်လိုဒုက္ခမျိုးမဆို ကျော်လွှားနိုင်ဖို့အတွက် သင့်ကို ကူညီပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဘယ်လိုRelationshipကိုမဆို အချိန်အကြာကြီးတည်မြဲအောင် လုပ်ဖို့အတွက် ခက်ခဲလှပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချိန်အကြာကြီးခင်လာခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း ပြတ်သွားတတ်ကြပါတယ်။ ဒါပေမဲ့ ဘရားဇီးနိုင်ငံက သူငယ်ချင်းနှစ်ဦးရဲ့ဆက်ဆံရေးကတော့ နှစ်တွေကြာလာသည့်တိုင်အောင် အဆုံးသတ်မသွားခဲ့ပါဘူး။ သူတို့နှစ်ဦးက လွန်ခဲ့တဲ့ နှစ် (၃၀) တုန်းက အချင်းချင်း သိခဲ့ကြတာဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ နှစ် (၃၀) ပြည့် သူငယ်ချင်းဆက်ဆံရေးကို ဘယ်လိုပုံစံမျိုးနဲ့ ဂုဏ်ပြုဖြစ်လဲဆိုရင် သူတို့က သူတို့ရဲ့ခင်မင်မှုကို ပုံဟောင်းတွေကို ကြည့်ပြီး အတူတူကုန်ဆုံးခဲ့ကြတဲ့အရင်က အချိန်တွေကို အမှတ်ရစေနိုင်ပေမယ့် နောက်ဆုံးထွက်သက်အထိ အမှတ်တရအနေနဲ့ ကျန်နေစေမယ့် အရာကို သိမ်းထားချင်မိကြပါတယ်။ အဲဒါကတော့ တတ်တူးပါပဲ။

သူတို့သူငယ်ချင်းနှစ်ဦးက လက်ချင်းတွဲထားပြီး ပြုံးပြနေတဲ့ဘီယာခွက်ပုံစံ တတ်တူးဆင်တူ ထိုးခဲ့ကြပါတယ်။ ဒီပုံလေးကို အဲဒီအမျိုးသမီးနှစ်ဦးထဲက တစ်ယောက်ရဲ့မြေးက မျှဝေပေးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံး ကြိုက်နှစ်သက်ကြတဲ့ အရာတွေကို ရည်ညွှန်းထားတဲ့ တတ်တူးပုံစံကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတတ်တူးပုံစံက သူငယ်ချင်းဆက်ဆံရေးက ယူဆောင်လာမယ့် အားပေးကူညီမှုနဲ့ ပျော်ရွှင်မှုတွေနဲ့အတူ အရသာရှိတဲ့ ဘီယာလေးသောက်ရင်း စကားစမြည်းပြောတာကို ရည်ညွှန်းထားတာဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ သူငယ်ချင်းဆက်ဆံရေးကို နှစ်အကြာကြီး ခိုင်မြဲဖို့ မလွယ်ကူတာကြောင့် သူတို့သူငယ်ချင်းနှစ်ဦးအကြောင်းက လူတော်တော်များများကို အားကျမိစေပါတယ်။ စာဖတ်ပရိသတ်တွေလည်း ကိုယ်နဲ့အတူ ဆိုးတူကောင်းဖက် ခင်မင်လို့ရတဲ့၊ ယုံကြည်လို့ရတဲ့ သူငယ်ချင်းမျိုး ရှာတွေ့နိုင်မယ်လို့ မျှော်လင့်မိပါတယ်နော်…။

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top