လုပ်ကြံသူသေနတ် ကျည်မထွက်လို့ အာဂျင်တီးနား ဒုတိယသမ္မတ အသက်ဘေးမှ လွတ်မြောက်

9-2-2022-yyl-23.jpg

လုပ်ကြံသူရဲ့ သေနတ် ကျည်မထွက်ခဲ့လို့ အာဂျင်တီးနား ဒုတိယသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်ဒီကာ့ချ်နာဟာ အသက်ဘေးကနေ လက်မတင် လွတ်မြောက်ခဲ့ပါတယ်။ အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ ဒီကာ့ချ်နာဟာ တရားရုံးကနေ ပြန်လာပြီး သူ့ရဲ့နေအိမ်အပြင်ဘက်မှာ ထောက်ခံအားပေးသူတွေကို နှုတ်ဆတ်နေတုန်း လူအုပ်ထဲကနေ အမျိုးသားတစ်ယောက် ထွက်လာပြီး သူ့မျက်နှာကို သေနတ်နဲ့ချိန်ပစ်ခဲ့ပေမဲ့ သေနတ်ထဲက ကျည်မထွက်ခဲ့တာပါ။

သေနတ်ထဲမှာ ကျည် ၅ တောင့် ထည့်ထားပေမဲ့ မောင်းဖြုတ်လိုက်ချိန်မှာ ကျည်မထွက်ခဲ့တာဖြစ်တယ်လို့ အာဂျင်တီးနားသမ္မတ အယ်လ်ဘာတိုဖာနန်ဒက်ဇ်က ဆိုပါတယ်။ ဒီကာ့ချ်နာကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားဟာ အသက် ၃၅ နှစ်အရွယ် ဘရာဇီးနိုင်ငံသားဖြစ်ပြီး သူ့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။ လုပ်ကြံဖို့ ကြိုးစားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒီကာ့ချ်နာကို လုပ်ကြံဖို့ ကြိုးစားမှုဟာ အာဂျင်တီးနားနိုင်ငံ ဒီမိုကရေစီ ပြန်ရခဲ့တဲ့ ၁၉၈၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုပဲလို့ သမ္မတ အယ်လ်ဘာတိုဖာနန်ဒက်ဇ်က ပြောပါတယ်။

လူ့အသက်နဲ့ ဒီမိုကရေစီကို ကာကွယ်ရေး၊ ဒုတိယသမ္မတနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသရေးတို့ လုပ်နိုင်ဖို့အတွက် သောကြာနေ့ကို အမျိုးသားရုံးပိတ်ရက်အဖြစ်လည်း ကြေညာခဲ့ပါတယ်။

ရုပ်သံမှတ်တမ်း

Ref: Gun jams during bid to kill Argentina vice-president

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top