ဇူကာဘတ်၊ ဘီလ်ဂိတ်နဲ့ ရီဟားနားတို့ တက်ရောက်ခဲ့တဲ့ အိန္ဒိယ မင်္ဂလာပွဲအကြို အခမ်းအနား

4.3.24-yyl-17.jpg

အာရှတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီရဲ့ သား အာနန်ရဲ့ မင်္ဂလာပွဲအကြို အခမ်းအနားကို မက်ခ်ဇူကာဘတ်၊ ဘီလ်ဂိတ်၊ ရီဟားနားတို့အပါအဝင် ကမ္ဘာတစ်လွှားက ထင်ပေါ်ကျော်ကြားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဂူဂျာရက်ပြည်နယ်မှ အမ်ဘာနီရဲ့ စံအိမ်မှာ ၃ ရက်ကြာ ကျင်းပတဲ့ မင်္ဂလာပွဲအကြို အခမ်းအနားကို ဧည့်သည်တော် ၁၂၀၀ တက်ရောက်ခဲ့ကြပြီး ကမ္ဘာတလွှားမှ နာမည်ကျော် စားဖိုမှူးတွေက ဟင်းပွဲ ၅၀၀ ကျော် တည်ခင်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီပွဲဟာ အိန္ဒိယနိုင်ငံမှာ ရီဟားနားပထမဆုံးဖျော်ဖြေတဲ့ပွဲဖြစ်ပြီး အနုပညာကြေး ဒေါ်လာ ၇ သန်းပေးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ တက်ရောက်လာတဲ့ ဧည့်သည်တော်တွေကို ခန်းမအနီးမှာ ဇိမ်ခံရွက်ဖျင်တဲတွေ ထိုးထားပေးပြီး မိတ်ကပ်နဲ့ ဆံသပညာရှင်တွေ ခေါ်ပေးထားသလို အဝတ်လျော်၊ မီးပူတိုက်ပေးတဲ့ ဝန်ဆောင်မှု၊ အိန္ဒိယဝတ်စုံတွေ ဆင်ယင်ပေးတဲ့ ဖက်ရှင်သမားတွေကိုပါ ခေါ်ပေးထားပါတယ်။

အိန္ဒိယအနုပညာရှင် မင်းသားတွေဖြစ်တဲ့ ရှာရွတ်ခန်ဆယ်လ်မန်ခန်း၊ ရမ်ချာရန်၊ အေမာခန်းတို့လည်း ဒီပွဲကို တက်ရောက်ခဲ့ကြပါတယ်။

Ref:Anant Ambani’s pre-wedding: Rihanna, Gates and Zuckerberg at India tycoon’s gala
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top