ဒူးရင်းအခွံရဲ့အလေးချိန်မပါဘဲ ဒူးရင်းသီးတွေကို ရောင်းချတဲ့ မလေးရှားလူမျိုး

Durian.png

ဒူးရင်းသီးဝယ်တဲ့အခါမှာ အခွံရဲ့အလေးချိန်က ပိုများနေတဲ့အတွက် ကီလိုဂရမ်များသွားသလို ပေးရတဲ့တန်ဖိုးကလည်း များသွားပါတယ်။ အဲဒီလိုမျိုးပေးရတယ်ဆိုရင် ဈေးဝယ်သူတွေအတွက် စိတ်ကသိကအောက်ဖြစ်ရစေမှာပါ။

မလေးရှားနိုင်ငံက ဒူးရင်းသီးရောင်းသမားလေးက ဒူးရင်းသီးချစ်သူတွေကို ဝယ်ရတဲ့ဈေးနဲ့တန်အောင် ဒူးရင်းအခွံမပါဘဲ (၁) ကီလိုဂရမ်ကို စင်ကာပူဒေါ်လာ (၈.၂၀) နဲ့ ဒူးရင်းသီးလတ်လတ်ဆတ်ဆတ်တွေကို ရောင်းချပေးနေပါတယ်။

Universiti Utara Malaysia လမ်းမပေါ်မှာ ဖွင့်ထားတဲ့ အသက် (၃၀) အရွယ် အဇ်ဇူဝမ် အစ်မေးလ် (Izzuwan Ismail) ရဲ့ဒူးရင်းဆိုင်လေးက ဈေးသင့်ပြီး သူ့ရဲ့စီးပွားရေးကျင့်ဝတ်ကြောင့် သူ့ကို လူမှုကွန်ယက်မှာ ချီးမွမ်းထောပနာပြုနေကြပါတယ်။

 

ဒူးရင်းသီးဆိုင်အများစုက ဒူးရင်းသီးတွေကို အခွံအလေးချိန်အပါအဝင် ကီလိုဂရမ်နဲ့ဖြတ်ပြီး တန်ဖိုးနဲ့အညီ ရောင်းချပါတယ်။ ကီလိုဂရမ်ချိန်းတဲ့အခါမှာ ဒူးရင်းသီးကို အခွံနဲ့ပါရောပြီး ချိန်းတဲ့အတွက် အလေးချိန်များပြီး နဂိုဈေးထက် ဈေးပိုကျစေပါတယ်။

မကြာသေးခင်ကမှ အမျိုးသားတစ်ယောက်က အခွံ (၂) ကီလိုဂရမ် ပါတဲ့ (၄) ကီလိုဂရမ် ဒူးရင်းသီးတစ်လုံးကို ပြထားတဲ့ ပုံတွေကို တင်ခဲ့ရင်း အခွံရဲ့အလေးချိန်မပါဘဲ ရောင်းချတဲ့ ဒူးရင်းသီးအကြောင်းကို ပြောပြခဲ့ပါတယ်။

“သမိုင်းမှာတော့ ပထမဆုံးပါပဲ။ လတ်ဆတ်တဲ့ ဒူးရင်းကိုသာ ချိန်းပြီး ရောင်းတယ်” လို့ တွစ်တာအသုံးပြုသူတစ်ယောက်ကလည်း အဇ်ဇူဝမ်ကို ချီးမွမ်းရင်း ရေးသားခဲ့ပါတယ်။

နောက်တစ်ယောက် Nur Hajar ကလည်း “ဒူးရင်းသီးတွေ မလတ်ဆတ်ရင်း သူ မရောင်းဘူး” လို့ အဇ်ဇူဝမ် အကြောင်းပြောရင်း ဖေ့စ်ဘွတ်မှာ မျှဝေပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အဇ်ဇူဝမ်ဟာ မကောင်းတဲ့ဒူးရင်းသီးအနည်းငယ်ကို ဝယ်ယူမိခဲ့ပြီးတဲ့နောက်မှာ အခွံရဲ့အလေးချိန်မပါဘဲ ဒူးရင်းသီးတွေကို ရောင်းချတဲ့ အကြံဉာဏ်ကို ရရှိခဲ့တာပါလို့ Harian Metro သတင်းဌာနကို ပြောပြခဲ့ပါတယ်။

“ကျွန်တော် မလတ်ဆတ်တဲ့ ဒူးရင်းသီးတစ်ခုလုံးကို ခွာမိတဲ့အခါမှာ ဒေါသထွက်မိရင် အခြားသူတွေလည်း ဒီလိုပဲ ခံစားရမှာပဲ။ တချို့လူတွေက ဒူးရင်းသီးရောင်းတဲ့သူတွေကို မရိုးသားတွေသူတွေလို့ အမည်တပ်တာကလည်း ဖြစ်နိုင်ပါတယ်” လို့ သူ ပြောပါတယ်။

အဇ်ဇူဝမ်အတွက်ကတော့ ဈေးဝယ်သူတွေရဲ့ စိတ်ကျေနပ်မှုက အဓိကပါပဲ။ သူ့ရဲ့ဝယ်သူတွေကို ပျော်ရွှင်စေတဲ့အတွက် လတ်ဆတ်တဲ့ဒူးရင်းသီးတွေကို ရောင်းချင်တယ်လို့ ဆိုပါတယ်။

Ref: AsiaOne “Malaysian sells durians without weighing the shell”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top