15-9-2020-yyl-006.jpg

ဗြိတိန်နိုင်ငံမှာ လူသေဆုံးစေတဲ့ ယာဉ်မတော်တဆမှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်မယ့် ဥပဒေသစ်ပြဋ္ဌာန်းဖို့အဆိုပြု

ဗြိတိန်နိုင်ငံမှာ အရှိန်လွန်မောင်းတာ၊ ပြိုင်မောင်းတာ၊ ဖုန်းသုံးရင်း ကားမောင်းတာမျိုးတွေကြောင့် ယာဉ်မတော်တဆမှုဖြစ်ပြီး တခြားသူတွေ အသက်ဆုံးရှုံးရမယ်ဆိုရင် အဲဒီယာဉ်မောင်းကို သေဒဏ်ချမှတ်နိုင်မယ့် ဥပဒေသစ်တစ်ရပ်ကို ပြင်ဆင်ရေးဆွဲနေပါတယ်။ အဲဒီဥပဒေကြမ်းအရ အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲပြီး အဆင်ခြင်မဲ့ ကားမောင်းရင်း လူသေဆုံးစေတဲ့ ယာဉ်မတော်တဆမှုဖြစ်ရင်လည်း…

3-7-2020-yyl-002.jpg

လုံခြုံရေး ဥပဒေသစ်ကြောင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ တစ်ယောက် ဟောင်ကောင်မြို့မှ ထွက်ပြေး

တရုတ်နိုင်ငံက အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ် ချမှတ်ခဲ့ပြီးနောက်မှာ ဟောင်ကောင်မြို့ရဲ့ အထင်ရှားဆုံး ဒီမိုကရေစီ လှုပ်ရှားသူတစ်ယောက်က ဟောင်ကောင်မြို့ကနေ ထွက်ပြေးခဲ့ပါတယ်။ နာသန်လောဟာ တစ်ချိန်တုန်းက ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်က ထီးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ်ချမှတ်ခံရဖူးသူပါ။ ပြည်ပကနေ လှုပ်ရှားမှုတွေ…

1-7-2020-yyl-008.jpg

လုံခြုံရေး ဥပဒေသစ်ကို ချိုးဖောက်ရင် ဟောင်ကောင် ဒေသခံတွေ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ် ခံရနိုင်

ဟောင်ကောင်မြို့မှာ နေထိုင်သူတွေအနေနဲ့ တရုတ်အစိုးရက အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ်ကို ချိုးဖောက်ရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အဲဒီဥပဒေ စတင်အကျုံးဝင်ပြီး နာရီအတော်ကြာမှ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခဲ့တာပါ။ ဟောင်ကောင်မြို့မှာ ဆူပူအုံကြွမှုနဲ့ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုတွေ…

12-6-2020-yyl-042.jpg

စားသုံးသူတွေကို လိမ်ညာခဲ့တဲ့ ထိုင်းပင်လယ်စာ စားသောက်ဆိုင် ပိုင်ရှင်တွေကို ထောင်ဒဏ် ၁၄၄၆ နှစ်စီ ချမှတ်

စားသုံးသူ ၂၀,၀၀၀ ကို လိမ်ညာခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပင်လယ်စာ စားသောက်ဆိုင်ပိုင်ရှင်တွေကို ထောင်ဒဏ် ၁၄၄၆ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ Lemgate ပင်လယ်စာ စားသောက်ဆိုင် ပိုင်ရှင်တွေဖြစ်တဲ့ အပီချက်နဲ့ ပရာပက်ဆွန်တို့ဟာ ပြီးခဲ့တဲ့နှစ်က အွန်လိုင်းကနေ အစားအစာတွေကို…

yyl-030-6.jpg

ထောင်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းဦးစီးဌာန အရာရှိဟောင်းက တရားရုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ရုရှားနိုင်ငံရဲ့ အကျဉ်းဦးစီးဌာန အရာရှိဟောင်းတစ်ယောက်ဟာ ငွေညှစ်တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီးနောက် တရားရုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ ဗစ်တာဆဗရီဒေါ့ဗ်ဟာ အရင်တုန်းက ပြည်ထောင်စုအကျဉ်းဦးစီးဌာနရဲ့ ပို့ဆောင်ရေးဌာနခွဲ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူပါ။ သူဟာ…

yyl-004.jpg

လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရတဲ့ ကေပေ့ါစ်စတား (၂) ဦး

အခုနှစ်အတွင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ဂီတနယ်ပယ်နဲ့ မြန်မာပရိသတ်တွေကို တုန်လှုပ်သွားစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကတော့ နာမည်ကြီးကေပေါ့စ်စတားတွေ ပါဝင်ပတ်သက်နေတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုပါပဲ။ ပရိသတ်တွေကေ အဲဒီကိစ္စမှာ သူတို့တွေ ပါဝင်ပတ်သက်လိမ့်မယ်လို့ လုံးဝထင်မှတ်မထားခဲ့တာကြောင့် တအံ့တသြကို ဖြစ်သွားခဲ့ရတာပါ။ အခုဆိုရင် အဲဒီကိစ္စမှာ…

yyl69030.jpg

ဟွန်ဒူးရပ်စ်သမ္မတကတော်ဟောင်း ထောင်ဒဏ်(၅၈)နှစ် ချမှတ်ခံရ

ဟွန်ဒူးရပ်စ်သမ္မတကတော်ဟောင်း ဘိုနီလာကို လိမ်လည်မှု၊ ရန်ပုံငွေ မဆင်မခြင်သုံးစွဲမှု စတဲ့စွဲချက်တွေနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံ အမြင့်ဆုံးတရားရုံးက ထောင်ဒဏ် ၅၈ နှစ်ချမှတ်လိုက်ပါတယ်။ သမ္မတဟောင်း လိုဘိုရဲ့ဇနီး ဘိုနီလာဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကတည်းက ထိန်းသိမ်းခံထားရသူပါ။ သူ့ရဲ့အမှုသည် ဘိုနီလာမှာ…

yyl69027.jpg

တရားသူကြီးကို ချိန်ခွင်အပျက်လက်ဆောင်ပေးတဲ့ ကိုပေါလုကို ထောင်ဒဏ် (၃) လချမှတ်

မြစ်ကြီးနားမြို့နယ် တရားရုံးက တရားခွင်မှာ တရားသူကြီးကို ချိန်ခွင်အပျက်လက်ဆောင်ပေးတဲ့ ကိုပေါလုကို ဒီကနေ့မှာ ထောင်ဒဏ် (၃) လချမှတ်လိုက်ပါတယ်။ တရားသူကြီးက ပုဒ်မ ၂၂၈ အရ တရားရုံံးသို့ဦးတိုက်လျှောက်ကာ ကိုပေါလုကို အရေးယူပေးရန်တင်ပြခဲ့တာဖြစ်ပါတယ်။ ကိုပေါလုကို မြို့နယ်တရားသူကြီး ဦးသန်းထွန်း…

68731949_2548744351823136_1025466490377207808_n.jpg

အီတလီကမ်းခြေကသဲတွေယူလာမိလို့ ထောင် (၆) နှစ်ချမှတ်ခံရဖို့ရှိနေတဲ့ ပြင်သစ်စုံတွဲ

ပြင်သစ်နိုင်ငံကစုံတွဲတစ်တွဲကတော့ အီတလီနိုင်ငံရဲ့ နာမည်ကျော် ဆာဒီးနီးယားကျွန်းကမ်းခြေက သဲတွေကိုယူလာမိလို့ ထောင်ဒဏ် (၆) နှစ် ချမှတ်ခံရမယ့် အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ သဲတွေကို အမှတ်တရ လက်ဆောင်အဖြစ်ယူလာခဲ့ပြီး ဥပဒေချိုးဖောက်ရာရောက်မှန်းမသိခဲ့ဘူးလို့ ပြင်သစ်စုံတွဲက ပြောပါတယ်။ ဆာဒီးနီးယားကျွန်းမြောက်ပိုင်၊း ချီယာကမ်းခြေက နာမည်ကျော်သဲဖြူတွေကို ပြည်သူပိုင်ပစ္စည်းအဖြစ်သတ်မှတ်ထားပြီး…

67125634_2499759236721648_5523331975630290944_n.jpg

ကလေး (၁၀၀) ကျော်ကိုမွေးစားခဲ့တဲ့ တရုတ်အမျိုးသမီး လိမ်လည်မှုနဲ့ထောင်ဒဏ်နှစ် (၂၀) ချမှတ်ခံရ

ကလေးငယ် (၁၁၈) ယောက်ကိုမွေးစားခဲ့လို့ တချိန်တုန်းက ”လူ့ဘောင်အကျိုးသယ်ပိုးသူ”လို့ ဂုဏ်ပြုခံခဲ့ရဖူးတဲ့ တရုတ်အမျိုးသမီးဟာ လိမ်လည်မှု၊ ငွေညှစ်မှုတွေကြောင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံခဲ့ရပါတယ်။ လီယန်ရှားဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဟူပေပြည်နယ်၊ ဝူအန်းမြို့မှာ ကလေးငယ်တော်တော်များများကို မွေးစားခဲ့ပါတယ်။ ၂၀၀၆…