ကျန်းမာရေးအတွက် ဘက်စုံ အထောက်အကူပြုတဲ့ ဖရဲသီးစေ့

the-watermelon-P738XNV.jpg

ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိလို့ မဖြစ်မနေ စားသုံးပေးသင့်တဲ့ ဖရဲသီးဟာ အသားတင်မကပဲ အစေ့မှာပါ အာဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။

ဖရဲသီးမှာ ဗီတာမင် A၊ ဗီတာမင် B1၊ ဗီတာမင် B6၊ ဗီတာမင် C၊ ဗီတာမင် B5၊ ကော့ပါး၊ ဘိုင်အိုတင်း၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီယမ်ဆိုတဲ့ ခန္တာကိုယ် အကျိုးပြု ဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဖရဲသီးစေ့မှာဆိုရင်တော့ အာဟာရဓာတ်တွေဖြစ်တဲ့ ဖတီး အက်ဆစ်နဲ့ ပရိုတင်းတို့အပြင် သတ္တုဓာတ်တွေဖြစ်ကြတဲ့ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ၊ သံဓာတ်၊ ဇင့်၊ ဖော့စ်ဖောရပ် စတာတွေနဲ့ သီအာမိုင်း၊ ဗီတာမင် B3နဲ့ ဖိုးလိတ်ထ်အက်ဆစ်တို့လိုမျိုး ဗီတာမင် B ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

အမ်တီအောက်စီဒန့်အနေနဲ့ ဓာတ်ပြုထားတဲ့ ဖရဲသီးစေ့ထဲက အမိုင်နိုအက်ဆစ်ဟာ သွေးလွှတ် ကြောမာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတစ်မျိုးကြောင့် ကိုယ်၊ လက်လှုပ်ရှားတဲ့အခါ ရင်ခေါင်းစူးအောင့်တတ်တဲ့ ရောဂါမျိုးတွေနဲ့ ပန်းသေ၊ ပန်းညှိုးရောဂါတွေကိုတောင် ပျောက်ကင်းစေနိုင်ပါတယ်။

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ရောဂါ ဝေဒနာ ခံစားနေရသူတွေအတွက် ဒီ ဖရဲသီးစေ့က အလွန်အသုံးဝင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာမျိုးလောက်ကတော့ ဖရဲသီးစေ့ကို ပြုတ်သောက်ပေးရုံလောက်နဲ့ အဆင်ပြေပါတယ်။

ဖရဲသီးစေ့ ပြုတ်သောက်တယ်ဆိုတာကလည်း အခက်ခဲကြီး မဟုတ်ပါဘူး။ ရေသန့် (၂) လီတာ ဆူအောင်တည်ထားတဲ့ ရေနွေးအိုးထဲ ဖရဲသီးအစေ့ ၂၀၊ ၃၀ ဝန်းကျင်လောက်ကို ပစ်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ အဲဒီ ဖရဲသီးစေ့ လက်ဖက်ရည်ကိုတော့ နှစ်ရက်ဆက်တိုက် သောက်ပေးနိုင်ပြီး တတိယမြောက်ရက်မှာ တစ်ခါ ပြန်နားပေးရပါတယ်။ ဒီနှုန်းအတိုင်းပဲ လေး၊ ငါးပတ်လောက် ဆက်တိုက် ပြုလုပ်ကြည့်လိုက်ပါ။

အခုဆက်လက်ပြီးတော့ ရိုးရာလေးပရိတ်သတ်တွေကို ဖရဲသီးစေ့က ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ခုလောက် ပြောပြပေးချင်ပါတယ်။

၁။ နှလုံးအတွက်

နှလုံးရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို အထောက်အကူပြုတဲ့ မဂ္ဂဆီယမ်ဓာတ်ကို ဖရဲသီးစေ့ကနေ ရရှိနိုင်ပါတယ်။ ၎င်းဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကို အားကောင်းစေပါတယ်။

၂။ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တယ်

ဖရဲသီးစေ့က ထွက်တဲ့အဆီဟာ ဘယ်လို အသားအရေမျိုးနဲ့မဆို ကိုက်ညီကောင်းမွန်တာမို့ ၎င်းအစေ့ကို အသုံးပြုပြီး မျက်နှာသစ်တာ၊ ဝက်ခြံ၊ အညစ်အကြေးနဲ့ ဆဲလ်သေတွေ ဖယ်ရှားတာမျိုးအထိ ပြုလုပ်ပေးနိုင်ပါတယ်။

၃။ ဆံပင်သန်စေတယ်

ဖရဲသီးစေ့မှာ ပါဝင်တဲ့ အမိုင်နိုင် အက်ဆစ်နဲ့ ပရိုတင်းဓာတ်ဟာ ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်လို့ သင့်ရဲ့ဆံကေသာကို ကျန်းမာစေပါတယ်။ ၎င်းအစေ့မှာပါဝင်တဲ့ ကော့ပါးဓာတ်ကလည်း ဆံကေသာကို တောက်ပနေစေပါတယ်။ ဖတီး အက်ဆစ်ကတော့ ဆံသားပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

၄။ ကိုယ်ခံအား ကျဆင်းမှုကို ကာကွယ်ပေးတယ်

ကျွန်တော်တို့ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ကို ဖရဲသီးစေ့ကနေ ရရှိနိုင်ပါတယ်။ ၎င်းအစေ့မှာပါဝင်တဲ့ ဗီတာမင် B5 ကြောင့်လည်း ကိုယ်ခံအား ကျဆင်းမှုကို ခုခံ ကာကွယ်နိုင်ပါတယ်။

၅။ ကိုယ်ခန္ဓာ ဖောရောင်ခြင်းကို ကုသနိုင်တယ်

ကိုယ်ခန္ဓာ ဖောရောင်နေတယ်လို့ ခံစားလာရပြီးဆိုရင် ကောင်းစွာ အမှုန့်ကြိတ်ထားတဲ့ ဖရဲသီးစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ကို ပျားရည်နဲ့ရောပြီး ရေနွေး ၄ ပုံ ၃ ပုံ ထည့်ထားတဲ့ ခွက်တစ်ခုထဲ ရောမွှေလိုက်ပါ။ တစ်နေ့ (၂) ကြိမ် သောက်ပေးနိုင်ပါတယ်။

ဒါဆို ဒီလောက် ကျန်းမားရေး အကျိုးကျေးဇူးတွေ များပြားလွန်းလှတဲ့ ဖရဲသီးစေ့ကို နောက်ခါ မလွှင့်ပစ်သင့်ဘူးဆိုတာကိုတော့ သိသွားလောက်ပါပြီ။ တစ်လုံးဝယ်တာနဲ့ အသီးရော၊ အခွံရော၊ အစေ့ရော စားလို့ရတာ ဒီအသီးပဲ ရှိတာမို့ အကျိုးရှိရှိ ပြန်ပြီးအသုံးပြုလိုက်ပါ။

Ref : Pinterest “Boil Watermelon seeds and get ready to be stunned by the results”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top