သိုင်းရွိုက်ဟော်မုန်းမညီမျှတဲ့သူတွေ စားပေးသင့်တဲ့ အသီး (၄) မျိုး

20-9-2021-yyl11.png

ယနေ့ခေတ် အထိုင်များတဲ့ လူနေမှုပုံစံနဲ့ အစားအသောက်အားနည်းတဲ့ အလေ့အထတွေက လူတော်တော်များများကို ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့တွေ ကြုံတွေ့ရတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ သိုင်းရွိုက်ဟော်မုန်းမညီမျှတဲ့ ကျန်းမာရေးအခြေအနေလည်း ပါဝင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းမညီမျှခြင်းဆိုတာ ဘာလဲ။ သိုင်းရွိုက်က လည်ပင်းအောက်ဘက်အလယ်မှာရှိတဲ့ လိပ်ပြာပုံစံအကျိတ်တစ်ခုပါ။ သေးငယ်တဲ့အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ အရေးကြီးအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒီအကျိတ်က ဆဲလ်တွေနဲ့ ဇီဝဖြစ်စဉ်ကို ကူညီပေးတဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးပါတယ်။ သိုင်းရွိုက်အကျိတ်က ထုတ်ပေးတဲ့ ဟော်မုန်းမညီမျှတာဖြစ်လာရင် အခြားလက္ခဏာရပ်တွေထဲမှာမှ ပင်ပန်းနွမ်းလျတာ၊ ဆံပင်ကျွတ်တာ၊ ကိုယ်အလေးချိန်တက်တာ၊ အအေးမခံနိုင်တာ၊ စိတ်ဓာတ်ကျတာတွေဖြစ်လာနိုင်ပါတယ်။

သိုင်းရွိုက်အကျိတ်နဲ့ တစ်နေ့တာအစားအသောက်ကြား ဆက်နွယ်မှု

သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါ (Hypothyroidism) နဲ့ သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါ (Hyperthyroidism) ဆိုပြီး သိုင်းရွိုက်ရောဂါ (၂) မျိုးရှိပါတယ်။ ဒီရောဂါ (၂) မျိုးလုံးက သိုင်းရွိုက်အကျိတ်အပေါ် သက်ရောက်စေတဲ့ ရောဂါတွေကြောင့်ဖြစ်လာရတာပါ။ တစ်နေ့တာအစားအစာကလည်း သိုင်းရွိုက်ဟော်မုန်းမညီမျှတဲ့လက္ခဏာရပ်တွေကို ထိန်းချုပ်ဖို့အတွက် အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်ပါတယ်။ အာဟာရကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေက သိုင်းရွိုက်ပြဿနာကို ကုသမပေးနိုင်ပေမဲ့ ရောဂါလက္ခဏာရပ်တွေကို လျော့ချပေးနိုင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းမညီမျှတဲ့သူတွေက ဒီသစ်သီး (၄) မျိုးကို စားသုံးပေးနိုင်ပါတယ်။

ပန်းသီးက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးတွေထဲက တစ်ခုပါ။ လူတော်တော်များများလည်း ကြိုက်နှစ်သက်တဲ့ အသီးပါပဲ။ တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးတာက ကိုယ်အလေးချိန်တက်မှာကို ကာကွယ်ပေးနိုင်သလို သွေးအတွင်းသကြားပမာဏကို ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဟော်မုန်းမညီမျှတဲ့ လက္ခဏာရပ်ကိုလည်း သက်သာစေနိုင်ပါတယ်။ ပန်းသီးက ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သိုင်းရွိုက်အကျိတ်ကို ကောင်းကောင်းအလုပ်လုပ်နိုင်စေတယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ပန်းသီးက ကိုလက်စထရောပမာဏကို နည်းစေပြီး ဆီးချိုရောဂါ၊ အဝလွန်ရောဂါနဲ့ နှလုံးရောဂါတွေဖြစ်မလာအောင် ကာကွယ်ပေးတယ်လို့သိရပါတယ်။

ဘယ်ရီသီး

ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) ကြွယ်ဝတဲ့ ဘယ်ရီသီးတွေက သိုင်းရွိုက်အတွက် ကောင်းပါတယ်။ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို လှုပ်ဆော်ပေးပြီး ချောချောမွေ့မွေ့လုပ်ဆောင်နိုင်စေပါတယ်။ ဘယ်ရီသီးတွေကလည်း ဆီးချိုရောဂါသည်နဲ့ ကိုယ်အလေးချိန်တက်တဲ့သူတွေအတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသီးတွေပါပဲ။

လိမ္မော်သီး

ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) ကြွယ်ဝတဲ့ လိမ္မော်သီးတွေကလည်း ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖရီးရယ်ဒီကယ် (Free Radicals) တွေက သိုင်းရွိုက်အကျိတ်မှာ ရောင်ရမ်းမှုကို ဖြစ်စေပြီး သိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်ပါတယ်။ လိမ္မော်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီက ရောင်ရမ်းမှုကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတယ်။ သွေးအတွင်းသကြားပမာဏကို ထိန်းပေးတယ်။ အသားရေပျက်စီးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

နာနတ်သီး

နာနတ်သီးမှာ ဗီတာမင်စီနဲ့ မဂ္ဂနီစီယမ်ပမာဏမြင့်မားစွာပါဝင်ပါတယ်။ ဒီအာဟာရဓာတ် (၂) မျိုးစလုံးက free radicals ကြောင့် ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းမညီမျှမှုရဲ့လက္ခဏာရပ်တွေထဲကတစ်ခုဖြစ်တဲ့ ပင်ပန်းနွမ်းလျမှုကိုလည်း တွန်းလှန်ပစ်နိုင်တဲ့ ဗီတာမင်ဘီဓာတ်လည်း ပါဝင်ပါတယ်။ နာနတ်သီးစားသုံးပေးတာက ကင်ဆာရောဂါခံစားနေရတဲ့သူတွေနဲ့ ဝမ်းချုပ်တတ်တဲ့သူတွေအတွက်လည်း ကောင်းပါတယ်။

Ref: 4 fruits that you must add to your diet to manage your thyroid hormones level

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top