ပြန်လည် ကျန်းမာလာပြီဖြစ်တဲ့ စွန့်ပစ်ခံကလေးငယ် Hope

anja-loven-nigeria-boy-composite.jpg

Hope လို့အမည်ပေးထားတဲ့ နိုင်ဂျီရီးယားမှ အစွန့်ပစ်ခံ ကလေးငယ်နဲ့ ပက်သက်ပြီးတော့ တင်ခဲ့ဖူးပါတယ်။ အသက် ၁ နှစ်ဝန်းကျင်ကတည်းက အစွန့်ပစ်ခံရပြီး လမ်းပေါ်မှာ တစ်နှစ်ပတ်လုံး စွန့်ပစ်ထားတာတွေကိုသာ စားသုံးလို့ အသက်ရှင်ခဲ့ ပါတယ်။

ဒါကို မြင်တွေ့တဲ့ ဒိန်းမတ်မှ NGO ဦးဆောင်ပြုလုပ်သူ အမျိုးသမီးငယ်ဟာ ခေါ်ယူမွေးစားခဲ့ပါတယ်။ သူ့ကိုစမွေးစချိန်က အသက် ၂ နှစ်ရှိပါပြီ။ ဆုံးလို့ အစွတ်စွဲခံရပြီး လူအများ ပစ်ထားတဲ့ ယင်းကလေးငယ်ကို ဥရောပ မိသားစုမှ မိဘမဲ့ ကလေးဂေဟာသို့ ခေါ်ယူပြီး ပြုစုခဲ့ရာ ယခုဆိုရင် အတော်လေး ကျန်းမာနေပြီ ဖြစ်ပါတယ်။ ရှစ်ပတ် အတွင်း ယခုလို ကျန်းကျန်းမာမာ ရှိလာတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ အရင်လို ပိန်မနေတော့ပဲ ပြည့်ဖြိုး သန်စွမ်းနေပြီကို ယခုလို မြင်တွေ့ရပါတယ်။

ကလေးငယ်တိုင်းဟာ အပြစ်ကင်းပြီး ပြီးပြည့်စုံတဲ့ ဘဝမှာသာ အထားခံရရင် အားလုံးဟာ ချစ်ဖို့ ကောင်းတယ်ဆိုတာ Hope မှ သက်သေပြခဲ့ ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top