လွမ်းနေရုံလေးနဲ့ ကျေနပ်နေရတဲ့ ဇာတိမြေလေး

view-at-grathem-village-MHJE4PA.jpg

View over the Uffelse brook at Grathem village in the Dutch province Limburg

လူတိုင်း လူတိုင်းမှာ မွေးရပ် ဇာတိမြေဆိုတာ ရှိပါတယ်။ ဇာတိမြေဆိုတာ ပြန်ပြီး လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေပေမယ့် ဘဝမှာတော့ ဘယ်တော့မှ မေ့မရတဲ့ အရပ်ဒေသ တစ်ခုပေါ့။

အကြောင်းကြောင်းကြောင့် ဇာတိမြေကို ခွဲခွာပြီး အဝေးကို ရောက်နေကြတဲ့ သူတွေလည်းများစွာ ရှိပါတယ်။ အမြဲတန်း မဟုတ်တောင် တစ်ခါတစ်လေမှာတော့ လွမ်းမိပါလိမ့်မယ်။ ဇာတိမြေမှာ မိမိမွေးစဉ် အခါက အတူကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင် အသိုက်အဝန်းတွေ အားလုံးဟာ မိမိအတွက် သတိရစရာလေးတွေ ဖြစ်နေပါတယ်။

အခြားသော နေရာတွေ ဘယ်လောက် ပျော်စရာကောင်းကောင်း ဇာတိမြေဆိုတဲ့ နေရာလေးကိုတော့ မှီမယ်မထင်ဘူး။ အသက်ရှိစဉ် မသေခင်မှာ မိမိမွေးဖွားရာ ဇာတိမြေလေးမှာ ဟိုအရင်ကလိုပဲ ပျော်ရွှင်စရာလေးတွေနဲ့ ခဏပြန်ပြီးတော့ လူတိုင်းနေထိုင်ချင်ကြမယ် ဆိုတာ အသေအချာပါ။ ဇာတိမြေဆိုတာ တစ်ခါတစ်လေ လွမ်းနေရုံလေးနဲ့ ကျေနပ်နေရတာပါ။

ကျော်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top