ကားအစစ်တစ်စီးထက် တန်ဖိုးပိုကြီးတဲ့ မီနီပြိုင်ကား

27.2.24-yyl-8.jpg

နာမည်ကျော်ပြိုင်ကားတွေနဲ့ တထေရာတည်း ပုံစံတူ မီနီပြိုင်ကားတွေ ထုတ်လုပ်နိုင်တဲ့ ဗြိတိန်ကုမ္ပဏီ လမ်ဘော်ဂီနီ Countach LP400 နဲ့ Revuelto ပြိုင်ကားတွေကိုလည်း ပုံစံတူ မီနီပြိုင်ကားတွေ ထုတ်လုပ်သွားတော့မှာပါ။ Amalgam ကုမ္ပဏီက ထုတ်လုပ်တဲ့ မီနီကားတွေဟာ တကယ့်ကားအစစ်တွေရဲ့ လုပ်ဆောင်ချက်အတိုင်း မှန်အတင်အချ လုပ်နိုင်သလို ရှေ့မီးကြီးတွေလည်း ထွန်းလို့ရပါတယ်။ ၈ ချိုး ၁ ချိုး အရွယ်အစားသေးငယ်တာကလွဲရင် တကယ့်ကားအစစ်မှာ ပါဝင်တဲ့အစိတ်အပိုင်းတွေအားလုံး ထည့်သွင်းဖန်တီးထားတာပါ။

၁၉၉၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Amalgam ကုမ္ပဏီဟာ Ferrari ၊ Lamborghini ၊Aston Martin ကုမ္ပဏီတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အဆိုပါကုမ္ပဏီထုတ် ကားတွေရဲ့ Computer-aided design (CAD) ဒေတာတွေ၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပုံတွေကို ကြည့်ရှုခွင့် ရရှိပါတယ်။ ဒါ့အပြင် အဲဒီကားတွေမှာ ဘယ်ဆေးအမျိုးအစားသုတ်လဲ၊ ဘယ်ဆေးအရောင်တွေ သုံးလဲဆိုတာလည်း သိခွင့်ရပါတယ်။

Amalgam ကုမ္ပဏီက သူတို့ဖန်တီးမယ့် ကားကို ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေရိုက်ပြီး ဒစ်ဂျစ်တယ် scan ဖတ်ကာ ပြန်လည်ဖန်တီးတာပါ။ မီနီပြိုင်ကားတစ်စီး တည်ဆောက်ဖို့အတွက် နာရီ ၂၅၀ ကနေ နာရီ ၄၀၀ ကြား အချိန်ယူရပါတယ်။ Amalgam ကုမ္ပဏီရဲ့ မီနီကားငယ်တစ်စီးဟာ ဒေါ်လာ ၃၀၀၀၀ အထိ တန်ဖိုး ရှိပါတယ်။

လမ်ဘော်ဂီနီ Countach LP400 နဲ့ Revuelto ပြိုင်ကားတွေကိုလည်း တခြားမီနီကားငယ်တွေအတိုင်း ၁၉၉ စီးစီ ထုတ်လုပ်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈၇၀၀ ကျသင့်မယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ တကယ့်ကားအစစ်ထက်တောင် ဈေးကြီးနေပါတယ်။

Ref: Company Creates Miniature Sports Cars Models That Cost More Than Real Cars

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top