ဟိုတယ်ကြီးမှာ ပျော်ပျော်ပါးပါး အခမဲ့ ဇိမ်ခံခွင့်ရခဲ့တဲ့ အိမ်ရာမဲ့ ၂၈ ဦး

Screen-Shot-2018-12-27-at-09.04.39.jpg

New Year အတွက် အထူးအခွင့်အရေး တစ်ရပ်အနေနဲ့ ဟိုတယ်ကြီးတစ်ခုမှာ ၂ ညတာ ဇိမ်ခံခွင့်ကို အမေရိကန်က အိမ်ခြေရာမဲ့ ၂၈ ဦးက ရရှိခဲ့ပါတယ်။ အိမ်ရာမဲ့တွေကို ကူညီပေးနေတဲ့ Raise The Roof စီမံကိန်းကနေ မနက်စာနဲ့ ခရစ္စမတ်ညစာ အပါအဝင် အခမဲ့နေထိုင်ခွင့်ကို Doubletree Hilton မှာ စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ဖန်တီးပေးနိုင်ခဲ့လို့ ညစာစားပွဲမှာ အိမ်ရာမဲ့တွေ ပြုံးပျော်နေတာကို မြင်တွေ့ရတယ်လို့လည်း ပွဲစီစဉ်ပေးသူ ကားလ် (Carl Simpson) က ဆိုပါတယ်။

“အိမ်ရာမဲ့ တစ်ဦးကတော့ ဟိုတယ်ကိုရောက်ပြီး check-in လည်းပြီးရော အခန်းထဲ ဝင်အိပ်သွားလိုက်တာ နောက်တစ်နေ့ နေ့လယ်ထိတောင် မနိုးပါဘူး။ ဒီလိုမျိုး ဘေးကင်းလုံခြုံစွာ အိပ်ရတဲ့အတွက် အိပ်ရာကတောင် မထချင်ရှာဘူး” ဆိုတဲ့အကြောင်း ကားလ်က ပြန်ပြောပြပါတယ်။

နှစ်ယောက်အိပ်ခန်း ၁၄ ခန်းကို ဒေါ်လာ တစ်ထောင်ကျော်နဲ့ တည်းခိုခွင့်ကို Royal Hotel က သဘောတူပြီးမှ ဖျက်သိမ်းခဲ့တာကြောင့် အကြောင်းရင်းအလုံးစုံကို ဖေ့စ်ဘွတ်မှာတင်ပြီး စီမံကိန်းတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။ ဒါကိုမြင်ပြီး အိမ်ရာမဲ့တွေအတွက် လှူဒါန်းငွေပမာဏများစွာ ထည့်ဝင်လာသူတွေ ရှိခဲ့ပါတယ်။

Doubletree Hilton ကတော့ အိမ်ရာမဲ့ ၂၈ ယောက်လုံးအတွက် အခမဲ့တည်းခိုခွင့်ပေးခဲ့သလို ချောကလက်နဲ့ အမှတ်တရ လက်ဆောင်အိတ်တွေလည်း ပေးခဲ့ပါတယ်။ အိမ်ရာမဲ့တွေကတော့ ဟိုတယ်မှာ တည်းခိုခွင့်ရတဲ့အတွက် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသလို အခန်းသော့ရချိန်မှာတော့ မျက်နှာတွေမှာ အတိုင်းမသိ ဝမ်းသာရိပ်တွေ ပေါ်လွင်နေခဲ့တယ်လို့ မစ္စတာကားလ်က ဖြေကြားခဲ့ပါတယ်။

Ref: BBC “Hull homeless group enjoy luxury hotel stay”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top