ကမ္ဘာပေါ်မှာဓာတ်ပုံအများဆုံးအရိုက်ခံရတဲ့ မြို့ကဘယ်မြို့ဖြစ်မလဲ

New_York_NYC.jpg

အင်စတာဂရမ်ကနေကမ္ဘာပေါ်မှာရှိတဲ့ ဓာတ်ပုံအများဆုံးအရိုက်ခံရတဲ့ မြို့တွေကိုထုတ်ပြန်လိုက်ပါတယ်။

ဒီမြို့တွေထဲက ဘယ်နှစ်နေရာလောက် ရောက်ဖူးကြပြီလဲ။ ကဲခရီးသွားပျော်လေးတို့ရေ။ အခုအချိန်ကဖုန်းထဲမှာနောက်ခံထားလို့ရမယ့် ပို့စကတ်ဓာတ်ပုံလှလှလေးတွေကိုပြောင်းဖို့အချိန်တန်ပြီ။ အင်စတာဂရမ်ကနေပြီးတော့လည်း ၂၀၁၇ အတွင်းဓာတ်ပုံအများဆုံးရိုက်ခံရတဲ့မြို့ကိုလည်းထုတ်ပြန်ပြီးပြီဆိုတော့ လေယာဉ်ခုံတစ်ခုံစာ ဝယ်ထားလို့ရပြီ။

အင်စတာဂရမ် ဟာ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ geotag တွေကနေတစ်ဆင့် ဓာတ်ပုံအများဆုံးရိုက်ခံရတဲ့မြို့ကိုရှာဖွေဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒီနှစ်ရဲ့ ဓာတ်ပုံအများဆုံးရိုက်ခံရတဲ့မြို့က New York မြို့ဖြစ်နေတာကို တွေ့ရှိခဲ့ရပြီး အဓိကကတော့ နယူးယောက်မြို့ရဲ့ မိုးထိမြင့်တဲ့ ယဉ်ကျေးမှု အဆောက်အအုံတွေဟာ ဓာတ်ပုံရိုက်ဖို့ကိုဆွဲဆောင်နေတော့တာဘဲ။ နယူးယောက်မြို့က ကမ္ဘာပေါ်မှာနာမည်အကြီးဆုံး ပြတိုက်တွေ (သို့မဟုတ်) လမ်းကိုထွက်လိုက်ရင်လည်းထူးခြားပြောင်မြောက်လွန်းလှပါတဲ့ Street Art တွေက ဓာတ်ပုံဆရာတွေကို ဓာတ်ပုံရိုက်ချင်စိတ် ဖြစ်စေနိုင်တာကြောင့်ပါ။

ဒုတိယဓာတ်ပုံအများဆုံးရိုက်ခံရတဲ့မြို့ကတော့ မော်စကိုမြို့ဘဲဖြစ်ပြီး တတိယအများဆုံးကတော့ လန်ဒန်မြို့ဘဲဖြစ်ပါတယ်။ အံ့ဩစွာနဲ့ဘဲပဲရစ်မြို့ကတော့ နံပါတ် (၅) ဘဲချိတ်ပါတယ်။ (ညအချိန် အီဖယ်မျှော်စင်မှာဓာတ်ပုံရိုက်တာ တရားမဝင်တဲ့အတွက် ညအလှဓာတ်ပုံတွေ ရိုက်ခွင့်မရှိတဲ့အတွက် နံပါတ် (၁) မချိတ်တာဖြစ်မယ်။) ကဲ… ဘာကြည့်နေတာလဲ။ အထုပ်ထည့်တော့လေ…။

Ref : RD : This Is the Most Photographed City in the World

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top