အင်္ဂလိပ်​ဘာသာစကားထဲက သိထားစရာ ဗဟုသုတ​တွေ

woman-learning-english-online-NFK76AY.jpg
ဒီနေ့ကမ႓ာပေါ်မှာ လူကြိုက်​အများဆုံး နဲ့ လူသုံးအမ​်ားဆုံးက​တော့ ​အင်္ဂလိပ်​ဘာသာစကားပါပဲ။ ဘာသာစကား တစ်ခုမှာ ရှိတဲ့ လျှို့ဝှက်​ချက်​​တွေ၊ ဘာသာစကား​လေ့လာသူ​တွေအဖို့

​လေ့လာချင်​စရာ ဗဟုသုတ​တွေဟာ တစ်​နေ့တစ်ခြား မရိုးနိုင်​​အောင်​ကို ရှိ​လာ​နေတာပါ။ အင်္ဂလိပ်​စကားကို ​နေ့တိုင်​​း​ပြော​နေ၊သုံး​နေကြတာတောင်​  ​ကျွန်တော်တို့ သတိမထားမိတဲ့ အချက်​​တွေဆိုတာ ရှိ​နေဆဲပဲမဟုတ်​လား။ ကဲ ရိုးရာလေးပရိတ်သတ်တွေအတွက် ထူးထူးထွေထွေလေးတွေ ရှာလာခဲ့တယ် ဖတ်ကြည့်ကြပါဦး
Gadsby ဆိုတဲ့ ဝတ္ထု စာအုပ်​ကြီး
Ernest Vincent Wright ဆိုတဲ့ စ​ာ​ရေးဆရာကြီးရေးသားခဲ့တဲ့ ထူးကဲ စာအုပ်​ကြီးပါ။ ​ဝေါဟာရစကားလုံး​ပေါင်​း ငါး​သောင်​းပါဝင်​ပါတယ်​။ ထူးခြားတာက စကားလုံးတိုင်​းမှာ “E” ဆိုတဲ့ အက္ခရာကို ထည်​့မ​ရေးဘဲ မြုပ်​နှံ​ရေးသားခဲ့တာပါ။ အက္ခရာမြှုပ်​ Lipogram ဝတ္ထုပါပဲ။
Orange 
အင်္ဂလိပ်​စကားမှာ Orange နဲ့ အသံကာရန်​ကိုက်​တဲ့ စကားလုံးဆိုတာ ရှိနိုင်​လားဗျ။ မရှိ​လောက်​ဘူးလို့ ဆိုကြမှာပါ။ ရှားရှားပါးပါး Sporange ဆိုတဲ့ ရုက္ခ​ဗေဒသုံး အသုံးအနှုန်​း တစ်ခု​တော့ ရှိပါတယ်​။ ဖန်​းပင်​ရဲ့ အစိတ်​အပိုင်​း တစ်ခု လို့ အဓိပ္ပာယ်​ ရပါတယ်​။
သက်​တမ်​းအရင်​့ဆုံး ​ဝေါဟာရစကားလုံး
အင်္ဂလိပ်​ဘာသာစကားမှာ သက်​တမ်​း အရင်​့ဆုံး စကားလုံးက”Who” ပါတဲ့။ ဘယ်​​လောက်​​လောက်​ကြာ​နေပြီလို့ ထင်​ပါသလဲ။ ခန်​႔မှန်​း​ခြေ နှစ်​၂သောင်း​လောက်​  သက်​တမ်​းရှိ​နေပါပြီ။
​ဝေါဟာရ​ပေါင်​း နှစ်​ဘီလီယံ
​ဝေါဟာရအမ​်ားဆုံးဘာသာစကားက​ို ပြောပါဆိုရင်​လည်​း အင်္ဂလိပ်​ဘာသာစကားပဲ လက်​ညှိုးညွှန်​ရမှာပါပဲ။ ​အင်္ဂလိပ်​ စာလုံး​ဝေါဟာရ​ပေါင်​း ၂ဘီလီယံထိ ရှိပါတယ်​။ ကျွန်တော်တို့ တကယ်​သိထားရတာက ဒီအ​ရေအတွက်​ထဲက ​ခြောက်​​သောင်​း​လောက်​မျှသာ ဖြစ်ပါတယ်​။ 
DRUNK 
DRUNK ဆိုတဲ့ စကားလုံးက အနက်​တူစကားလုံး​အ​ရေအတွက်​ များလွန်​းလို့ ဂင်​းနစ်​စံချိန်​​တောင်​ ဝင်​ခဲ့ပါတယ်​။ အင်္ဂလိပ်​စာမှာ Drunk နဲ့ ​ကြောင်​းတူသံကွဲ အနက်​တူ ​ဝေါဟာရ​ပေါင်​း ၂၉၆၄ လုံး ဝန်​းကျင်​ရှိပါတယ်​။
အက္ခရာစဉ်​​လေး​တွေ စီထားသလို
“Aegilop” ဆိုတဲ့စကားလုံးက အင်္ဂလိပ်​အက္ခရာစဉ်​ ​တွေကို တစ်ဆင်​့ချင်​းတန်​းစီထားတဲ့ အရှည်​ဆုံး စကားလုံးပဲဖြစ်​ပါတယ်​။ သူပြီးရင်​​တော့ “Almost” ပါ။
အတိုဆုံးဝါကျ
“I AM” ပါတဲ့။ အတိုဆုံးအ​နေနဲ့ အက္ခရာသုံးလုံးသာ ပါဝင်​ပြီး အဓိပ္ပါယ်​ပြည်​့ဝပါတယ်​။ 
-Ough ရဲ့ အသံထွက်​
ဒီဝါကျကို ဖတ်​ကြည်​့ပါဦး။ 
“A rough-coated, dough-faced, thoughtful ploughman strode through the streets of Scarborough; after falling into a slough, he coughed and hiccoughed.”
ဒီ​နေရာမှာ -ough ရဲ့ အသံထွက်​က ကိုးမျိုးအထိရှိ​နေပါတယ်​။ 
Pangram
Pangram ဆိုတာ အင်္ဂလိပ်​စာလုံး ၂၆လုံး အကုန်​ပါဝင်​​နေတဲ့ ဝါကျစာ​ကြောင်​းကို ဆိုလိုတာပါ။ အခု​နောက်​ပိုင်​းမှာ Pangram ​တွေ အ​တော်​များမ​်ားကို လူ​တွေထွင်​လာကြပါပြီ။
ပြီးပြည်​့စုံတဲ့ ဝါကျ
“The quick brown fox jumps over the lazy dog.”
ဒီဝါကျ​ထဲမှာ အင်္ဂလိပ်​ Letter ၂၆ လုံး အကုန်​ပါဝင်​​နေပါတယ်​။ ကီးဘုတ်​တို့ လက်​နှိပ်​စက်​တို့ ​ကောင်​းမ​ကောင်​း စမ်​းချင်​ရင်​ ဒီဝါကျကို ရိုက်​ထည်​့ကြ​လေ့ရှိပါတယ်​။
‘သရ’ မဲ့ စကားလုံး
“Rhythm” ဟာ အင်္ဂလိပ်​စာမှာ သရမပါဝင်​တဲ့ အရှည်​လျားဆုံး ​ဝေါဟာရဖြစ်​ပါတယ်​။
Tittle
“i” တို့ “j” တို့ မှာ အ​ပေါ်က တပ်​ထားတဲ့ အစက်​က​လေးကို Tittle လို့​ခေါ်ပါတယ်​။ 
တ​စ်နေ့တစ်ခြား စကားလုံးအသစ်​အသစ်​​တွေ
၉၈ မိနစ်​တိုင်​းမှာ အဘိဓါန်​ ထဲကို ​ဝေါဟာရ​အသစ်​​တစ်ခု ​ရောက်​လာ​နေပါတယ်​။ တစ်နှစ်​ကို ​လေး​ထောင်​​ကျော်​ နှုန်​း​ပေါ့။ 
Z. Mint (ရိုးရာလေး) 
Ref: sarcasm.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top