ဆံသားကို ပျော့ပျောင်းနူးညံ့သွားစေမယ့် ဆံပင်ပျော့ဆေးပြုလုပ်နည်း

yyl-24-040.jpg

ရှုပ်ပွပြီးခြောက်သွေ့နေတဲ့ ဆံသားတွေကြောင့် ဈေးကြီးတန် ဆံပင်ပျော့ဆေးကို ဝယ်သုံးနေရတာ ငြီးငွေ့နေရင် ကိုယ့်ကိုယ်တိုင် အိမ်မှာပဲ ဆံပင်ပျော့ဆေးပြုလုပ်လို့ရပါတယ်။ ကိုယ့်ကိုယ်တိုင်လုပ်ရကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အဆင်ပြေမှာပါနော်။ အိမ်လုပ် ဆံပင်ပျော့ဆေးကို ပြုလုပ်ဖို့ဘယ်လိုလုပ်ရမလဲ မသိတဲ့သူတွေအတွက် ပါဝင်ပစ္စည်းတွေနဲ့အတူ ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ပန်းသီးအရက်ဗင်နီဂါ စားပွဲတင်ဇွန်း(၂)ဇွန်း
သံပုရာအဆီ (၂) မီလီလီတာ
ရေတစ်ခွက်

ပြုလုပ်နည်း

ပန်းကန်လုံးတစ်လုံးမှာ ပါဝင်ပစ္စည်းတွေကိုရောစပ်လိုက်ပြီး hand blenderနဲ့သမအောင်မွှေပါ။ (ဒါမှမဟုတ်) ကြိတ်စက်မှာ ပါဝင်ပစ္စည်းတွေကို ထည့်လိုက်ပြီး သမအောင်လုပ်လို့လည်းရပါတယ်။ သမအောင်ရောနှောမွှေပြီးသွားရင်တော့ ဆံပင်ပျော့ဆေးရပါပြီ။

သိမ်းဆည်းနည်း

ဖန်ပုလင်းထဲမှာ ထည့်ထားမယ်ဆိုရင် ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ဖန်ပုလင်းနဲ့အသုံးပြုရတာအဆင်မပြေဘူးဆိုရင် စပရေးဘူးနဲ့ထည့်ထားလို့ရပါတယ်။

အသုံးပြုနည်း

ဆံပင်ကို ခေါင်းလျှော်ရည်နဲ့လျှော်ပြီးတဲ့အချိန်တိုင်း စိုစွတ်တဲ့ဆံသားပေါ်ကို ဖြန်းပေးရုံပါပဲ။ စပရေးကို နှစ်ကြိမ်(သို့)သုံးကြိမ်သုံးပြီးတဲ့နောက် သင့်ဆံသားမှာပြောင်းလဲလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အရင်ကဆံပင်ထက်စရင် ပျော့ပျောင်းနူးညံ့လာမှာဖြစ်ပါတယ်။

Ref: This homemade hair conditioner promises silky smooth hair

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top