ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ပြစ်တင်ရှုံ့ချတဲ့ခင်ပွန်းကို ကွာရှင်းခဲ့တဲ့အမျိုးသမီး

yyl-24-033.jpg

တောင်ကိုရီးယားနိုင်ငံက ပတ်ဂျီဝန်ဆိုတဲ့ အမျိုးသမီးဟာ ၂၀၁၄ခုနှစ်မှာ သမီးမိန်းကလေးကို မွေးဖွားခဲ့တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပါ။ ဒါပေမဲ့ အခုတော့ သူ့ခင်ပွန်းနဲ့ ကွာရှင်းပြီး သူ့သမီးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးနေတဲ့ single mother တစ်ဦးဖြစ်နေပါပြီ။ ဘာလို့ သူ့ခင်ပွန်းနဲ့ ကွာရှင်းလိုက်တာလည်း ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ဂျီဝန်က ကလေးမွေးဖွားပြီးတဲ့နောက်မှာ ကိုယ်အလေးချိန် တတ်လာခဲ့ပါတယ်။ အဲဒါထက်ပိုဆိုးတာက သူဝလာတဲ့အတွက် သူ့ခင်ပွန်းက သူ့ကို ကူညီဖေးမမှုလည်းမရှိတဲ့အပြင် သူ့အပေါ် အချစ်လျော့ လာခဲ့ပါတော့တယ်။ အဲဒါကြောင့် သူဟာ သူ့ခင်ပွန်း သူ့အပေါ်ကို စိတ်ပြန်လည်လာအောင် ကိုယ်အလေးချိန်ချဖို့ ကြိုးစားခဲ့ပါတယ်။

သူက ကိုယ်အလေးချိန်ကျအောင် ထမင်းမစားတော့ဘဲ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပြီး ပေါ့ပါ့ပါးပါးစားလို့ရတဲ့ အစားအသောက်ခြောက်မျိုးကို ချင့်ချိန်ပြီးစားခဲ့တယ်လို့ သိရပါတယ်။ (၁၀) လကြာပြီးတဲ့နောက်မှာတော့ သူဟာ ကိုယ်အလေးချိန် (၄၀) ကီလိုဂရမ်ထိ လျော့ချခဲ့ပြီး (၄၇) ကီလိုဂရမ်သာရှိတော့ပါတယ်။ ဒါပေမဲ့ သူ့ခင်ပွန်းက သူ ဝခဲ့တဲ့အချိန်တုန်းကလိုပဲ ဝေဖန်ရှုချနေတုန်းပါပဲ။ “နင်ကိုကြည့်ရင် ငါ့ကို ကြက်သီးမွေးထစေတယ်” လို့တောင် ပြောဆိုခဲ့တာပါ။

ဂျီဝန်က သူ့ကို အဲဒီလိုပြောဆိုခဲ့တဲ့အတွက် ခင်ပွန်းသည်ကို စိတ်ပျက်သွားခဲ့ပြီး ကွာရှင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ သူ့သမီးကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အခြားသူတွေလည်း အတုယူလို့ရအောင် ကိုယ်အလေးချိန်ချတဲ့ နည်းတွေကို လူမှုကွန်ယက်အကောင့်မှာ မျှဝေလာခဲ့ပါတယ်။ သူကတော့ ကိုယ်အလေးချိန်ကျဖို့အတွက် ပလတ်စတစ်ဆာဂျရီကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Ref: Korean lady loses 40kg & divorces husband after he insulted her for postpartum weight gain

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top