ခရီးသွားတတ်တဲ့မိန်းကလေးနဲ့ ဒိတ်လုပ်ရတဲ့အကြောင်းရင်းများ

triplarge.jpg

ခရီးသွားခြင်းဟာ အကျိုးကျေးဇူးအရှိဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအရာများထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ဒါကြောင့် ခရီးသွားတတ်တဲ့လူမျိုးနဲ့ ဒိတ်လုပ်ခြင်းဟာ စိတ်ကူးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ခရီးသွားတတ်တဲ့မိန်းကလေးနဲ့ ဒိတ်လုပ်သင့်တဲ့ အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူမက သင့်ကို ဘယ်တော့မှငြီးငွေ့သွားစေမှာမဟုတ်ဘူး
ခရီးသွားတတ်တဲ့ မိန်းကလေးတွေဟာ ဘယ်တော့မှ မငြီးငွေ့တတ်ကြလို့ ပျော်စရာအကောင်းဆုံး လက်တွဲဖော်များ ဖြစ်ကြပါတယ်။ သင်နဲ့အတူ ခရီးအတူတူ သွားဖို့ ကြိုးပမ်းခြင်း ဒါမှမဟုတ် သူမရဲ့ ခရီးသွားခြင်းတွေထဲက အကောင်းဆုံး အကြောင်းအရာတစ်ခုကို ပြန်လည်ပြောပြခြင်းက သူမနဲ့အတူရှိနေတဲ့ အချိန်တွေမှာ သင့်ကို ငြီးငွေ့ပျင်းရိစေမှာ မဟုတ်ပါဘူး။

၂။ သူမကိုယ်သူမ သဘောပေါက်နားလည်တယ်
ခရီးသွားခြင်းဟာ ကိုယ့်အကြောင်းကိုယ် နားလည်သဘောပေါက်စေတဲ့ နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ ခရီးသွားတတ်တဲ့ မိန်းကလေးဟာ သူမကိုယ်ကိုယ် နားလည်သဘောပေါက်ပြီး တွေဝေနေတာမျိုး၊ ဝေခွဲရခက်နေတာမျိုးတွေ ဖြစ်တတ်တဲ့ သူမျိုး မဟုတ်ပါဘူး။

၃။ သူမဟာ ဘာကိုပဲဖြစ်ဖြစ် ပြင်ဆင်ထားတယ်

ခရီးသွားတတ်သူတစ်ယောက်ဟာ ဘယ်အရာကိုမဆို ပြင်ဆင်ထားတတ်ပါတယ်။ ပိုပြီး စိတ်လှုပ်ရှားတွေများပြီး အတွေ့အကြုံ အသစ်တွေ များလေ ပိုကောင်းလေပဲ ဖြစ်ပါတယ်။

၄။ သူမက အမှီအခိုကင်းတယ်

အများအားဖြင့် ခရီးသွားတတ်သူများဟာ အမှီခိုကင်း လွတ်လပ်ပြီး သူတို့ကိုယ်သူတို့သာ မှီခိုတတ်ကြပါတယ်။ ခရီးသွားတတ်တဲ့ မိန်းကလေးများဟာ ကိုယ့်အနားမှာ တောက်တဲ့ကပ်သလို ကပ်နေမှာမဟုတ်ပါဘူး။ အမှီခိုကင်းခြင်းဟာ အမှန်တကယ် ပျော်ရွှင်မှု၊ လွတ်လပ်မှုကို ရရှိစေတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းကို ခရီးသွားခြင်းက သင်ကြားပြသပေးပါတယ်။

၅။ သူမက လိမ္မာပါးနပ်တယ်

သူမမှာ ရှိတဲ့ ပညာအရည်အချင်းကို မစဉ်းစားဘဲနဲ့ သူမဟာ လိမ္မာပါးနပ်သူ ဖြစ်ပါလိမ့်မယ်။ အသိပညာဗဟုသုတတွေ မရှိဘဲ ခရီးတွေ သွားလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်လေကျရင် ခရီးသွားခြင်းဟာ အစကနေ အဆုံးထိ လုပ်ဆောင်ရတဲ့ အားလပ်ရက်အပန်းဖြေမှုကြီး တစ်ခုလိုပါပဲ။ ဒါပေမယ့်လည်း မကြာခဏ ပင်ပန်းစွာ လုပ်ဆောင်ရတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုပြဿနာမျိုးကိုမဆို ကိုင်တွယ်ဖြေရှင်းဖို့ သူမက ပါးနပ်မှုရှိနေမှာပါ။

၆။ သူမက ဖျတ်လတ်တက်ကြွတယ်

ခရီးသွားတတ်တဲ့ သူဟာ လတ်လျားလတ်လျား လျှောက်သွား အချိန်ဖြုန်းတတ်တဲ့ သူမျိုးမဟုတ်ပါဘူး။ ဒီလိုမိန်းကလေးမျိုးဟာ တစ်ချိန်လုံး တစ်ခုခုကို လုပ်ချင်နေချင်ကြတယ်။ ဥပမာ- စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ လမ်းလျှောက်ထွက်ခြင်း စတာတွေ တစ်မျိုးမဟုတ်တစ်မျိုး လုပ်ချင်နေကြပါတယ်။ ဘယ်ကိုသွားဖို့မဆို အဆင်သင့် ဖြစ်နေတတ်ပြီး သင်သာ အမှီလိုက်နိုင်ပါစေ။

၇။ သူမက အသစ်အသစ်တွေကို ရှာဖွေရတာ မြတ်နိုးတယ်

ခရီးသွားခြင်းဟာ အသစ်အသစ်သော နေရာတွေ၊ ယဉ်ကျေးမှုတွေ၊ အစားအစာတွေနဲ့ စွန့်စားမှုတွေကို တွေ့ကြုံခံစားရ ပါတယ်။ ခရီးအသွားများတဲ့ မိန်းကလေးတွေဟာ အသစ်အသစ်သော အရာတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတွေကို နှစ်သက်မြတ်နိုးတတ်ကြပါတယ်။ ဒီတော့ သင်လည်းပဲ အသစ်သစ်သောအရာတွေကို မြည်းစမ်းကြည့်ရမှာပါ။ ဒီတော့ ပျင်းရိငြီးငွေ့ဖွယ်အချိန်ဆိုတာ မရှိတော့ဘူးပေါ့။

၈။ သူမက စကားပြောကောင်းတယ်

ကိုယ့်နိုင်ငံမှာဖြစ်စေ အခြားနိုင်ငံများမှာဖြစ်စေ ခရီးသွားစဉ် တွေ့လာရတဲ့ လူတွေအားလုံးနဲ့ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ဆိုတာ အဲဒီလူဟာ စကားပြောကောင်းဖို့လည်း လိုပါတယ်။ ခရီးသွားတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူမပြောချင်တာကို ဘယ်လိုပြောဆိုရမယ်ဆိုတာ နားလည်သဘောပေါက်ပြီး အဲဒီပြောချင်တဲ့ စကားကိုလည်း ကောင်းကောင်း ပြောဆိုရမယ်ဆိုတာကိုလည်း နားလည်ပါတယ်။

၉။ သူမက ခရီးသွားခြင်းကို ဘယ်တော့မှ ရပ်တန့်ပစ်ချင်မှာ မဟုတ်ဘူး

ဒါကြောင့် သင် သူမနဲ့အတူ ခရီးသွားကြည့်လိုက်ပါ။ ရိုမန်တစ်ဆန်စွာ ခရီးသွားခြင်းလောက် ပျော်စရာကောင်းတာ မရှိတော့ပါဘူး။ သင်တို့ရဲ့ relationship ကို ပိုမိုခိုင်မာစေတဲ့ အတွေ့အကြုံကိုလည်း ခံစားရပါစေလိမ့်မယ်။ ဒီလိုမိန်းကလေးဟာ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ နားလည်ပြီး သူ့ရဲ့ အသိပညာနဲ့ အတွေ့အကြုံကို တိုးမြင့်ပေးနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဒီလို ခရီးသွားတတ်တဲ့ မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်ရတဲ့ ကံကောင်းသူတစ်ယောက်ဆိုရင်တော့ သူမအတွက် သူကိုယ်တိုင် အကောင်းဆုံးတွေကို လုပ်ဆောင်ပေးလိုက်ပါ။ မည်သို့ပင်ဖြစ်စေ သူမကတော့ ကမ႓ာလောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားပြီးပြီလေ။
Htet Htet Tin Zar (ရိုးရာလေး)
Ref : Knowledge : 10 Reasons to Date a Girl Who Travels

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top