မန်ယူနောက်ခံလူ အက်ရှ်ယန်း ကစားပုံကြမ်းသဖြင့် သုံးပွဲပယ်ခံရမည်

3Gduepif0T1UGY8H4xMDoxOjBzMTt2bJ.jpg

မန်ယူအသင်းနောက်ခံလူ အက်ရှ်ယန်းသည် ကြမ်းတမ်းစွာကစားခဲ့သောကြောင့် အက်ဖ်အေ ၏ စွဲချက်တင်ခံရပြီး မန်ယူအသင်း၏ လာမည့်သုံးပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

အက်ရှ်ယန်းသည် စနေနေ့က ကစားခဲသည့် ဆောက်သမ်တန်နှင့်ပွဲတွင် ဒူဆန်တာဒစ် ကို တံတောင်ဖြင့်တွတ်ခဲ့သောကြောင့် စွဲချက်တင်ခံရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲစဉ်အတွင်း အက်ရှ်ယန်း၏ ကြမ်းတမ်းစွာကစားပုံကို ဒိုင်လူကြီးများက တွေမြင့်ခဲ့ခြင်းမရှိခဲ့သော်လည်း ရုပ်သံဖိုင်ပြန်ကြည့်ချိန်တွင် အက်ရှ်ယန်း ၏ကြမ်းတမ်းစွာကစားပုံကိုတွေမြင်ခဲ့ပြီး စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အက်ဖ်အေပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အက်ရှ်ယန်း ဟာ မန်ယူအသင်းရဲ့ ပွဲစဉ် ၃ ပွဲကိုလွဲဖွယ်ရှိနေပါတယ်။ သူဟာ ကြမ်းတမ်းစွာကစားခဲ့မှုနဲ့ ပတ်သက်လို့ စွဲချက်တင်တာကိုလက်ခံထားတယ်။ စွဲချက်ကို လက်ခံပေမယ့် ပွဲပယ်ပြစ်ဒဏ် အများပြားမချမှတ်ဖို့တောင်းဆိုခဲ့ပါတယ် ”ဟုပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အက်ဖ်အေရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်သည် အက်ရှ်ယန်းရဲ့တောင်းဆိုမူများကို ပယ်ချထားကြောင်းသိရသည်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Sky : Manchester United’s Ashley Young to miss three matches

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top