ဂိုးသမားကော်တွိုက်စ်နဲ့ ကွင်းလယ်လူဟာဇက်ကို ရောင်းမှာမဟုတ်လို့ နည်းပြကွန်တီပြော

promo338826323.jpg

ချဲလ်ဆီးအသင်းအနေနဲ့ အနာဂတ်မှာ ချန်ပီယံဆုတွေ ရယူနိုင်ဖို့ဆိုရင် အသင်း ဂိုးသမား ကော်တွိုက်စ် နဲ့ ကွင်းလယ်လူ ဟာဇက်ကို ရောင်းချမှာမဟုတ်ဘူးလို့ နည်းပြ ကွန်တီကပြောလိုက်ပါတယ်။

ဂိုးသမား ကော်တွိုက်စ် ဟာ ရီးရဲမက်ဒရစ် အသင်းကိုပြောင်းဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေသလို ဟာဇက်ရဲ့ဖခင်ဖြစ်သူကလည်း သားဖြစ်သူ အီဒင်ဟာဇက် ဟာ ရီးရဲမက်ဒရစ်ရဲ့ ဆက်သွယ်ခံနေရမှုတွေကြောင့် ချဲလ်ဆီးအသင်းက စာချုပ်တိုးဖို့ ကမ်းလှမ်းတာကို ငြင်းဆန်ခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပါတယ်။

ဟာဇက် ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသူဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြကွန်တီက ဂိုးသမား ကော်တွိုက်စ်နဲ့ ဟာဇက်ဟာအသင်းရဲ့အရေးပါတဲ့ ကစားသမားတွေဖြစ်ပြီး အရေးကြီးတဲ့အရာတွေ ရယူနိုင်ဖို့ ကြိုးစားမယ်ဆိုရင် အဲဒီလိုမျိုး ကစားသမားမျိုးတွေ ဆက်ရှိနေဖို့ အလွန်အရေးကြီးတယ်လို့ပြောပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အသင်းရဲအကောင်းဆုံး ကစားသမားတွေကိုရောင်းချဖို့မရှိဘဲ အသင်းကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ အဓိကကျတယ်လို့ နည်းပြကွန်တီကပြောပါတယ်။ ဒါအပြင် ဂိုးသမားကော်တွိုက်စ် မှာ မိသားစုရှိနေတဲ့ စပိန်ကိုပြောင်းရွေဖို့ ပစ်မှတ်ထားနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း နည်းပြ ကွန်တီက အဲဒီ ကိစ္စကို သူမသိဘူးလို့ ဆိုခဲ့ပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ ကလပ်အသင်းကောင်း တစ်ခုမှာရှိနေပြီး အသင်းစီမံကိန်းတွေကို ယုံကြည်ကာ ဆက်နေထိုင်ဖို့ လိုလားမယ်ဆိုရင် မိသားစု ဟာ အဓိက ပြသာနာမဟုတ်ဘူးလို့ နည်းပြ ကွန်တီကပြောပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Sky : Eden Hazard and Thibaut Courtois must stay at Chelsea

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top