မြောက်ကိုရီးယားနိုင်ငံသားတွေ ဟန့်တားပိတ်ပင်ခံထားရတဲ့ ထူးထူးခြားခြား အချက် (၉) ချက်

no1.jpg

မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံတကာ မှာ ပုံရိပ်ဆိုးနဲ့ကျော်ကြားပြီး တိုင်းသူပြည်သားတွေအတွက်လည်း ခေတ်နဲ့အညီရှင်သန်ခွင့်မရဘဲ ဖိနှိပ်ချုပ်ချယ်မှုတွေ အင်မတန်များတဲ့နိုင်ငံပါ။ ပြင်ပနိုင်ငံတွေနဲ့ မြောက်ကိုရီးယားကို ဆက်သွယ်ထိတွေ့ဆက်ဆံခွင့်မရှိသလောက်ဖြစ်အောင်ကို အစိုးရကစီစဉ်ထားရှိပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား ရဲ့ လူနေမှုဘဝပုံစံကိုလည်း ခန့်မှန်းတွက်ဆခွင့်ရအောင် နိုင်ငံတွင်းသတ်မှတ်ထားတဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ရွေးချယ်တင်ဆက်ပေးပါရစေ။

အနောက်တိုင်းဖက်ရှင်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဂျင်းဝတ်စုံတွေအပါအဝင် အနောက်တိုင်းဝတ်စားဆင်ယင်မှုနဲ့ အနောက်တိုင်းယဉ်ကျေးမှုစီးဝင်ခြင်းကို လုံးဝတားမြစ်ထားပါတယ်။ အထူးသဖြင့် တရုတ်ပြည်နဲ့ထိစပ်နေတဲ့ ဒေသတွေမှာပါ။ ပြုံယန်းမှာတော့ အနောက်တိုင်းဖက်ရှင်ကိုလုံးဝဆန့်ကျင်ထားတယ်လို့ သိရပါတယ်။

ကိုကာကိုလာအချိုရည်

ကိုကာကိုလာ ရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ကြောင့် မြောက်ကိုးရီးယားမှာ ကိုကာကိုလာအချို ရည် သောက်ခွင့်မရဘူးလို့သိရပါတယ်။ တချို့အဆင့်မြင့်ဆိုင်တွေမှာတော့ တရုတ်ပြည်ထုတ် Coke အချိုရည်ဘူးတွေကိုရောင်းကြပါတယ်။

ဆံပင်ပုံစံ

ကင်ဂျုံအန်းက အမျိုးသားတွေထားသင့်တဲ့ ဆံပင်ပုံစံ တစ်ဆယ့်ငါးမျိုးနဲ့ အမျိုးသမီးတွေထားဖို့ဆံပင်ပုံစံ တစ်ဆယ့်ရှစ်မျိုးကို တရားဝင် သတ်မှတ်ပေးထားပြီး ဆံပင်အရောင်ဆိုးခွင့်လုံးဝမရှိပါဘူး။

အမျိုးသမီးလစဉ်သုံးပစ္စည်း

မြောက်ကိုရီးယားမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို မရရှိနိုင်ပါဘူး။ ပြန်လည်အသုံးပြုလို့ရတဲ့ သာမန်ရိုးရိုး ရာသီသွေးထိန်းဂွမ်းအမျိုးအစားတွေကိုသာ သုံးစွဲကြရပါတယ်။

ကွန်ဒုံး

မြောက်ကိုရီးယားမှာ ကွန်ဒုံးဆိုတာတော်တော့်ကိုရှားရှားပါးပါးပါ။ ကလေးမွေးဖွားနှုန်းလျော့နည်းမှုကိုတော့ မြောက်ကိုရီးယားက စိုးရိမ်စိတ်ရှိပါတယ်။ ကွန်ဒုံးမြင်ဖူးတဲ့ အရွယ်ရောက်ပြီးသူတွေ ဆိုတာတောင် ခပ်ရှားရှားပါ။

ခရစ္စမတ်သစ်ပင်

တကယ်တော့မြောက်ကိုရီးယားမှာ ဘာသာရေးအရ အလေ့အထတိုင်းကို တားမြစ်ထားပါတယ်။ ဘာသာရေးကိုးကွယ်မှုကိုခွင့်မပြုတဲ့ ဘာသာမဲ့နိုင်ငံတော်အဖြစ် တရားဝင်ကြေငြာထားပါတယ်။ ဒါကြောင့် ခရစ္စမတ်နေ့တွေ၊ ခရစ္စမတ်သစ်ပင်အလှဆင်ခြင်းတွေလည်း မြင်တွေ့ရမှာမဟုတ်ပါဘူး။

ရုပ်သံတီဗွီစနစ်

အစိုးရကတရားဝင်ခွင့်ပြုထားတဲ့ တီဗွီရုပ်သံလိုင်းက လေးခုသာရှိပါတယ်။ ပြသရန် သင့်၊မသင့် ဆိုတဲ့ ဆင်ဆာပိုင်းကို နိုင်ငံအစိုးရက အပြည့်အဝချုပ်ကိုင်ထားပြီး တခြားဘယ်ရုပ်သံတီဗွီလိုင်းကိုမှလည်း ပြသခွင့်မပြုထားပါဘူး။

အင်တာနက် နဲ့ တယ်လီဖုန်းစနစ်

လူဦးရေ (၁၅) သန်းရှိရာမှာ လူတစ်သန်းကသာ ဆဲလ်ဖုန်းတစ်လုံးစီပိုင်ဆိုင်ကြပါတယ်။ နိုင်ငံသားတွေအနေနဲ့ နိုင်ငံတကာကို ဖုန်းခေါ်ဆိုခွင့်တော့မရှိပါဘူး။ အင်တာနက်အနေနဲ့ 3G ကွန်ရက်ကိုမှ သုံးစွဲခွင့်အကန့်အသတ်တွေကလည်း များပါသေးတယ်။ နိုင်ငံတွင်းရောက်လာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဖုန်းဆင်းကတ်ဝယ်ယူပြီး ဖုန်းခေါ်ဆိုမှုကိုတော့ နိုင်ငံခြားသီးသန့်သာပြုလုပ်နိုင်ကြမှာ ဖြစ်ပါတယ်။

နိုင်ငံခြားခရီးစဉ်

မြောက်ကိုရီးယားနိုင်ငံသားတွေဟာ နိုင်ငံခြားကို အလည်အပတ်ခရီးစဉ်တောင် ထွက်ခွင့်မရှိပါဘူး။ ဒါကို လူ့အခွင့်အရေးချိုးဖောက်မှုအနေနဲ့ကို ပြဌာန်းထားတာပါ။ နိုင်ငံရပ်ခြားကို မိမိနိုင်ငံသားတွေသွားရောက်မှာ အစိုးရကမလိုလားတဲ့အချက်ပါ။

Ref: Brightside “Things That Are Prohibited in North Korea”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top