နာမည်ကြီးဆယ်လီတွေနဲ့ သူတို့ရဲ့တန်ဖိုးကြီးမင်္ဂလာဝတ်စုံများ (၂)

yyl-051-1.jpg

နာမည်ကြီးဆယ်လီတွေ မင်္ဂလာဆောင်တဲ့အခါတိုင်း သူတို့ မင်္ဂလာပွဲကို ဘယ်လိုတခမ်းတနားကျင်းပခဲ့လဲ၊ ဝတ်ဆင်တဲ့မင်္ဂလာဝတ်စုံက ဘယ်လိုဖြစ်မလဲ၊ ဘယ်လောက်ကုန်ကျမလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်တစားလိုက်ရှာကြည့်ကြပါတယ်။ တချို့ဆယ်လီတွေက ငွေကုန်ကြေးကျအရမ်းများတဲ့မင်္ဂလာပွဲကို ကျင်းပကြတဲ့အပြင် မင်္ဂလာပွဲနဲ့လိုက်ဖက်မှုရှိအောင် သတို့သမီးဝတ်ဆင်တဲ့ဂါဝန်ကိုလည်း ဈေးကြီးပေး၊အချိန်ပေးပြီးချုပ်ကြပါတယ်။ အရင်နေ့ကလည်း စာဖတ်ပရိသတ်တွေကို နာမည်ကြီးဆယ်လီတွေနဲ့ သူတို့ရဲ့တန်ဖိုးကြီးမင်္ဂလာဝတ်စုံများ (၁) ဆိုပြီး မင်္ဂလာပွဲမှာ နာမည်ကြီးဆယ်လီတချို့ဝတ်ဆင်ခဲ့တဲ့မင်္ဂလာဝတ်စုံတန်ဖိုးတွေအကြောင်း တင်ဆက်ပေးခဲ့ဖူးပါတယ်။ အခုတစ်ခါမှာလည်း နာမည်ကြီးဆယ်လီတွေနဲ့ သူတို့ရဲ့တန်ဖိုးကြီးမင်္ဂလာဝတ်စုံများ (၂) ကို ဆက်ပြီးဖော်ပြပေးလိုက်ရပါတယ်။

ပရီရန်ကာ ချိုပရာ (Priyanka Chopra)

ဆိုဖီတာနာရဲ့လင်ညီမ မင်းသမီးပရီရန်ကာ ချွတ်ပရာ ဝတ်ဆင်ခဲ့တဲ့မင်္ဂလာဂါဝန်ကလည်း တန်ဖိုးကို သေချာမသိရပါဘူး။ ဒါပေမဲ့ အနီရောင်ရိုးရာဂါဝန်ကို ဖန်တီးဖို့အတွက် ဒီဇိုင်နာက

နာရီ (၃၀၀၀) အချိန်ယူခဲ့ရပါတယ်။ သူ့ရဲ့မင်္ဂလာဝတ်စုံကို မြင်လိုက်မယ်ဆိုရင် အသေးစိတ်ပန်းထိုးထားရတဲ့အတွက် ဈေးကြီးတဲ့ဝတ်စုံဆိုတာ သိသားပါတယ်နော်။

ကိတ်တ် မက်တန် (Kate Middleton)

ကိန်းဘရစ်ချ် မြို့စားကတော်ရဲ့မင်္ဂလာဝတ်စုံကလည်း အခုထိ လူတိုင်းနီးပါးရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတာပါ။ အဲဒီဝတ်စုံကို ဒီဇိုင်နာ အလက်ဇန်းဒါး မက်ကွင်း (Alexander McQueen) က ဖန်တီးခဲ့တာဖြစ်ပြီး ဝတ်စုံတန်ဖိုးက အမေရိကန်ဒေါ်လာ (၅၅၄၉၀၀) ရှိပါတယ်။

ဗစ်တိုးရီးယား ဘက်ခမ်း (Victoria Beckham)

ဗစ်တိုးရီးယား ဘက်ခမ်း မင်္ဂလာဆောင်တုန်းက ဝတ်ခဲ့တဲ့ မင်္ဂလာဂါဝန်က ကြည့်လိုက်ရင်တော့ ရိုးရိုးရှင်းရှင်းလေးပေမဲ့ နာမည်ကြီးဒီဇိုင်နာ ဗီရာ ဝမ် (Vera Wang) ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၃၈၇၀၀) တန်ဖိုးရှိပါတယ်။

ကိုဆိုယောင်း (Ko So Young)

မြန်မာပရိသတ်တွေ ဒါရိုက်တာရင်လို့ သိကြတဲ့ မင်းသား ဂျန်ဒေါင်ဂန် (Jang Dong Gun) နဲ့ လက်ထပ်ခဲ့တဲ့ မင်းသမီး ကိုဆိုယောင်းက အမေရိကန်ဒေါ်လာ (၂၄၇၀၀) တန်ဖိုးရှိတဲ့ Oscar de la Renta ရဲ့ဂါဝန်ကို ဝတ်ဆင်ခဲ့ပါတယ်။

ဂျွန်ဂျီဟွန်း (Jeon Ji Hyun)

ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသမီး ဂျွန်ဂျီဟွန်းက သူ့မင်္ဂလာပွဲမှာ ရှိတဲ့ ဒီဇိုင်နာ Reem Acra ဖန်တီးချုပ်လုပ်ထားတဲ့ အမေရိကန်ဒေါ်လာ (၉၈၈၀၀) တန်ဖိုးရှိတဲ့ ဂါဝန်ကို ဝတ်ဆင်ခဲ့တာပါ။

Ref: The most expensive celebrity wedding dresses of all time

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top