ဉာဏ်စမ်းဖြေရင်း ဝါကျအထားအသိုလေ့လာရအောင်

14.9.2019.jpg

မြန်မာစာရေးသားတဲ့နေရာမှာ စာလုံးပေါင်းသတ်ပုံမှန်ကန်မှု၊ သဒ္ဒါအသုံးအနှုန်းမှန်ကန်မှုအပြင် ဝါကျအထားအသိုမှန်ကန်ဖို့ကလည်း အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ဝါကျဆိုတာ စကားလုံးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ဝါကျထဲမှာပါတဲ့ ပုဒ်( စကားလုံး) တွေ ရှေ့နောက် အစီအစဉ် အထားအသို မှန်ကန်နေဖို့ လိုအပ်ပါတယ်။ အထားအသို မမှန်ကန်တဲ့အခါ ကြီးမားတဲ့အဓိပ္ပာယ်အလွဲတွေဖြစ်စေနိုင်ပါတယ်။
တွဲစပ်သင့်တဲ့ သက်ဆိုင်ရာ စကားလုံးအချင်းချင်း၊ ပုဒ်အချင်းချင်းကိုကပ်ထားရမှာပါ။

ရိုးရာလေးရဲ့ “မြန်မာစာ မြန်မာစကားကဏ္ဍ” မှာ ဒီတစ်ပတ် ဖော်ပြပေးမှာကတော့ ဝါကျအထားအသို အကြောင်းပဲဖြစ်ပါတယ်။ ပေးထားတဲ့ဝါကိတွေကိုအထားအသို မှန်အောင်ပြန်စီပေးရင်း လေ့လာရမှာဖြစ်လို့ စာဖတ်ပရိတ်သတ်တွေအတွက် ပျင်းစရာလည်း ဖြစ်မနေစေတော့ပါဘူး။ စဉ်းစားဖြေဆိုကြည့်ရင်း မြန်မာစာ မြန်မာစကားနဲ့ပတ်သက်တဲ့အသိတွေ တိုးတက်နိုင်ကြပါစေ။

Ref: မောင်ခင်မင် (ဓနုဖြူ) ၏ မြန်မာစာ မြန်မာစကားစာအုပ်
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top