Linkin Park အဆိုတော် ချက်စတာ ဘန်နင်တန် ကွယ်လွန်

170720-chester-bennington-se-252p_2a564a33db910b7c0c091d3a1c0a6c21.nbcnews-fp-1200-800.jpg

Linkin Park အဖွဲ့ရဲ့ အဆိုတော် ချက်စတာ ဘန်နင်တန် (Chester Bennington) ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မနက် ၉ နာရီမတိုင်ခင်က ကွယ်လွန်သွားခဲ့ပါတယ်။ အသက် (၄၁) နှစ်အရွယ် ရှိတဲ့ ချက်စတာဟာ လော့စ်အိန်ဂျလိစ် ၊ ပါလို ဘာဒ်စ် (Palo Verdes)  က သူ့ အခန်းထဲမှာ  ကြိုးဆွဲချ သေကြောင်းကြံစည်ပြီး ဒီလမ်းကို ရွေးချယ်သွားခဲ့တာပါ။  သူ သေကြောင်းကြံစည်သွားတဲ့ နေ့ဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ သူ့မိတ်ဆွေ ခရစ်စ် ကော်နဲလ် (Chris Cornell) ရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။

ချက်စတာ ဘန်နင်တန် ကွယ်လွန်တော့ သူ့ဇနီး နဲ့ သားသမီး ခြောက်ယောက် ကျန်ရစ်ခဲ့ပါတယ်။ Linkin Park ရဲ့နောက်ဆုံး Album ဖြစ်တဲ့ “One More Light “ ဟာ ဒီနှစ် မေလပိုင်းကမှ ထွက်ရှိထားခဲ့တာဖြစ်ပြီး Billboard နံပါတ် (၁) ချိတ်ခဲ့သလို တစ်နှစ်တာရဲ့ အရောင်းရဆုံး အခွေတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ Linkin Park အဖွဲ့ဟာ လာမယ့် ဇူလိုင်လ ၂၇ မှာ နယ်လှည့် ဖျော်ဖြေပွဲ အသစ်တစ်ခု စတင်သွားဖို့လည်း စီစဉ်ထားခဲ့တာပါ။

ချက်စတာ ကွယ်လွန်သွားပေမယ့် သူ သီဆိုဖန်တီးခဲ့တဲ့ သီချင်းကောင်းတွေနဲ့ အတူ ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ ဆက်လက်ရှင်သန် ကျန်ရစ်နေဦးမှာ သေချာပါတယ်။

Ref: DailyMail , AFP

စည်သူ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top