အိန္ဒိယတွင် ပထမဆုံး ဆိုလာစွမ်းအင်ရထား ခုတ်မောင်း

demu14-759x422.jpg

အိန္ဒိယနိုင်ငံရဲ့ ကျယ်ပြောတဲ့ ရထားကွန်ရက်ကို သဘာဝပတ်ဝန်းကျင်နဲ့ ပိုမိုသင့်တော်အောင် ကြိုးစားတဲ့အနေနဲ့ အိန္ဒိယနိုင်ငံဟာ ပထမဆုံး ဆိုလာစွမ်းအင်ရထားကို စတင်ခုတ်မောင်းခဲ့ပါတယ်။ မြင်းကောင်ရေ ၁၆၀၀ ရှိတဲ့ ဒီဇယ်လျှပ်စစ် ရထားသစ်တွေကို ရထားတွဲတစ်တွဲမှာ ဆိုလာပြား ၁၆ ပြား တပ်ဆင်ထားတဲ့အပြင် အရန်သင့် အသုံးပြုဖို့ ဘက်ထရီလည်း တပ်ဆင်ထားတယ်လို့ UNTV က ဖော်ပြခဲ့ပါတယ်။

ဒီဇယ်စွမ်းအင်သုံး စက်ခေါင်းတပ်ဆင်ထားတဲ့ ပထမဆုံးရထားကို နယူးဒေလီမြို့ မြို့ပြရထားလမ်းမှာ ခုတ်မောင်းစေခဲ့တာ ဖြစ်ပြီး ကျန်ရထားသစ်တွေကို ဘယ်ရထားလမ်းမှာ ပြေးဆွဲစေမယ်ဆိုတာကို မကြာမီ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ရထားတွဲတွေမှာ တပ်ဆင်ထားတဲ့ ဆိုလာပြားတွေကနေ တစ်နှစ်ကို စွမ်းအင် ၇၂၀၀ ကီလိုဝပ် ရရှိမှာဖြစ်ပြီး အဲဒီစွမ်းအင်ကို ရထားတွဲထဲက မီးချောင်းတွေ၊ ပန်ကာတွေနဲ့ တခြားလျှပ်စစ် စနစ်တွေအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဆိုလာပြား တပ်ဆင်ထားတဲ့ရထားတွဲ တစ်တွဲကြောင့် တစ်နှစ်ကို ကာဗွန်ထုတ်လွှတ်မှု ကိုးတန် လျော့နည်းစေမယ်လို့ သိရပါတယ်။

ဆိုလာပြား တပ်ဆင်ထားတဲ့ ရထားတွေဟာ အိန္ဒိယနိုင်ငံက ရထားတွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပိုသင့်တော်စေမယ့် ရည်မှန်းချက်အတွက် နောက်တစ်ဆင့် ရောက်စေတယ်လို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပရာဟူက ပြောပါတယ်။ သန့်ရှင်းစွမ်းအင် အသုံးပြုရေး ဆုံးဖြတ်ချက် တစ်စိတ်တစ်ပိုင်းအဖြစ် အစားထိုး စွမ်းအင်တွေကို ပိုမိုအသုံးပြုသွားမယ်လို့ ပရာဟူက ဆိုပါတယ်။

Ref : Independent News : India launches first solar-panelled train in bid to cut down diesel use

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top