အချစ်တော်ခွေးလေးကို ကျောပိုးပြီး အလုပ်လုပ်လေ့ရှိတဲ့လမ်းသန့်ရှင်းရေးသမားလေး

pet_01-1.jpg

အချစ်တော်ခွေးလေးကို ကျောပိုးပြီး အလုပ်လုပ်လေ့ရှိတဲ့လမ်းသန့်ရှင်းရေးသမားလေး

ထိုင်းနိုင်ငံက လမ်းသန့်ရှင်းရေးသမားတစ်ဦးက အင်တာနက်အသုံးပြုသူတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလို့နေပါတယ်။ သူက သူ့ရဲ့ခွေးလေးကို ကျောပိုးပြီး ဘန်ကောက်မြို့ရဲ့လမ်းတွေမှာ အမှိုက်တွေလှည်းကျင်းသန့်ရှင်းရေးလုပ်နေတဲ့ပုံတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီးတဲ့နောက်မှာ အခုလို နာမည်ကြီးသွားခဲ့တာပါပဲ။

အဲဒီလမ်းသန့်ရှင်းရေးသမားလေးက အသက် (၂၈) အရွယ် သီတီရတ် ကွာဟွာ ရမ် (Thitirat Keowa Ram) ဆိုသူအမျိုးသမီးဖြစ်ပါတယ်။ သူ့ခွေးလေးကို မာဇ်ဒါ (Mazda) လို့ခေါ်ပါတယ်။ မာဇ်ဒါကို သူ့သခင်ရဲ့ကျောမှာ ကျောပိုးအိတ်လေးလို ငြိမ်ငြိမ်လေးနေတာကို ပုံထဲမှာ တွေ့ရမှာပါ။

အချစ်တော်ခွေးလေးကို ကျောပိုးပြီး အလုပ်လုပ်လေ့ရှိတဲ့လမ်းသန့်ရှင်းရေးသမားလေး

“ကျွန်မရဲ့ကောင်လေးကို ကျွန်မနဲ့အဖော်လုပ်ပေးမယ့် ခွေးတစ်ကောင်လောက်ဝယ်ပေးဖို့ ပူဆာခဲ့ပါတယ်။ ခွေးလေးကို ကျွန်မ အလုပ်သွားလုပ်တဲ့အခါ ခေါ်သွားမှာဖြစ်တဲ့အတွက် ကျွန်မရဲ့ကောင်လေးက သဘောတူခဲ့ပါတယ်”လို့ သီတီရက်က ပြောပါတယ်။ သီတီရတ်က သူ ပေးခဲ့တဲ့ကတိကို တည်အောင်လုပ်ခဲ့ပါတယ်။ ပေါင် (၂၂) ပေါင်ရှိတဲ့ မာဇ်ဒါလေးကို ကျောပိုးပြီး သူ့အလုပ်ကို နေ့တိုင်းခေါ်သွားခဲ့တာ အခုဆိုရင် တစ်နှစ်တောင်ရှိသွားပါပြီ။

ထိုင်းနိုင်ငံမှာ “သင့်ခွေးလေးကို အလုပ်ကို ခေါ်လာပါ” ဆိုတဲ့ trend တစ်ခုက အလုပ်ချိန်မမှန်တဲ့ကုမ္ပဏီတွေမှာ ခွေးနဲ့ရင်းရင်းနှီးနှီးတွေ့တာက ဝန်ထမ်းတွေရဲ့စိတ်ဖိစီးမှုကို လျော့စေမယ့်နည်းလမ်းတစ်ခုအဖြစ် လွန်ခဲ့တဲ့နှစ်တွေကတည်းက ခေတ်စားနေခဲ့တာဖြစ်ပါတယ်။

Ref: AsiaOne “A dog’s life: Bangkok street sweeper carries pet to work”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top