ရန်ကုန်တိုင်းဒေသကြီးအတွင်းကို ဓာတ်အားပေးနေတဲ့ ရတနာကမ်းလွန်ဓာတ်ငွေ့ကို အသုံးပြုမောင်းနှင်နေတဲ့ GT စက်တွေဟာ offshore မှာ Compressor (၂) လုံး အရေးပေါ် Shut Down ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကြောင့် (14.5.2019) ရက်နေ့ နံနက်ပိုင်းအချိန်မှာ ရွှေတောင်(15) MW၊ အလုံ (42) MW ၊ ရွာမ E-Gat (60) MW ၊သီလဝါ (25) MW ၊လှော်ကား (35) MW စက်တွေရပ်တန့်သွားခဲ့ပြီး MW (200) ခန့်လျော့နည်းသွားခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်စက် (၃) လုံးကနေ (200) MW လောက် ထပ်မံရပ်တန့်နိုင်ချေရှိတဲ့အတွက် ဓာတ်အားထုတ်လုပ်မှု (400) MW လောက် လျော့နည်းသွားမှာဖြစ်ပါတယ်။
အဲဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိလုပ်ဆောင်နေတဲ့ အလှည့်ကျ ဝန်အားလျော့ခြင်းတွေအပြင် Feederwise အရေးပေါ် Load Shed တွေလည်း ထပ်မံပြုလုပ်ရနိုင်ကြောင်း လျှပ်စစ်မီးသုံးစွဲသူပြည်သူတွေကို YESC က အသိပေး မေတ္တာရပ်ခံထားပါတယ်။
Ref: YESC
Team (ရိုးရာလေး)
ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။