Samsung ၏ နောက်ဆုံးပေါ် Galaxy A80 စမတ်ဖုန်းအား မြန်မာနိုင်ငံတွင်မိတ်ဆက်

001.jpg

လက်တွေ့ဘဝနှင့်ထပ်တူကျသော မျှဝေဆက်သွယ်မှုများကို နှစ်သက်သည့်သုံးစွဲသူများအတွက် Galaxy A80 စမတ်ဖုန်းသစ်ကို မန္တလေးမြို့တွင် ကျင်းပသည့် Galaxy Fan Party တွင် Samsung Myanmar က တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။

 

ယခုမိတ်ဆက်ပေးခဲ့သော Galaxy A80 တွင်Samsung ၏ ပထမဆုံးသော အလှည့်အပြောင်းလုပ်နိုင်မည့် ကင်မရာပါဝင်လာသဖြင့် ကမ္ဘာကြီး၏အလှတရားကို စိတ်တိုင်းကျရိုက်ကူးပုံဖော်နိုင်မည်ဖြစ်သည်။ Selfie mode အား ရွေးချယ်သည့်အခါ ဖုန်း၏အနောက်ဘက် ကင်မရာ (၃) လုံးက အပေါ်သို့ ထွက်ပေါ်လာပြီး အရှေ့ဘက်သို့ လှည့်သွားမည်ဖြစ်သည်။ high-resolution Lens ပါဝင်သည့် ကင်မရာ (၃) လုံးအား အရှေ့ကင်မရာအဖြစ် သာမက အနောက်ကင်မရာအဖြစ်လည်း အသုံးပြုနိုင်သောကြောင့် Selfie ရိုက်သည့်အခါ တူညီသောအရည်အသွေး ရရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် 48 MP main camera ဖြင့် ဆန်းသစ်လှပသောပုံရိပ်များအား အချိန်မရွေးရိုက်ကူးနိုင်မည်ဖြစ်ပြီး 3D Depth camera က အရာဝတ္ထု၏ အတိုင်းအတာနှင့် ထုထည်များအားတိုင်းတာပေးနိုင်သည့် Live Focus video ကိုလည်း ရိုက်ကူးပေးမည်ဖြစ်သည်။ Built-in ပါဝင်သော Ultra wide Angle Lens ဖြင့် ပုံရိပ်များအား လူသားတစ်ဦး၏မျက်လုံးတွင် အမှန်တကယ်မြင်တွေ့ရသည့်အတိုင်း ရိုက်ကူးနိုင်မည်ဖြစ်သောကြောင့် အနှစ်ခြိုက်ဆုံးရှုခင်းများအား မျှဝေခံစားနိုင်မည်ဖြစ်သည်။ Super Steady Video Mode သည် လှုပ်ရှားမှုများသောအဖြစ်အပျက်များအား ဗီဒီယိုရိုက်ကူးချိန်တွင် လှုပ်ရှားတုန်ခါမှုကို လျှော့ချပေးနိုင်ပြီး အရည်အသွေးကောင်းမွန်သောဗီဒီယိုများကို ရရှိစေမည်ဖြစ်သည်။

Rotating camera ၏ စွမ်းဆောင်မှုဖြင့် ရှုထောင့်မျိုးစုံကို Samsung ၏ ပထမဆုံး အဆုံးအစမဲ့ မျက်နှာပြင်ပေါ်တွင် တွေ့မြင်ခံစားနိုင်ကာ (၆.၄) လက်မ FHD+ Super AMOLED မျက်နှာပြင်ပါဝင်သည့် Galaxy A80 သည်လည်း ဂိမ်းဆော့သည့်အခါ၊ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးသည့်အခါ အကောင်းဆုံးအတွေ့အကြုံကို ရရှိစေမည်ဖြစ်သည်။ ထို့အပြင် Dolby Atmos နည်းပညာသည် နားကြပ် နှင့် Bluetooth စပီကာများကို သုံးသည့်အခါ ဘေးပတ်ဝန်းကျင်ဘက်ပေါင်းစုံမှကြားရသော သောတအာရုံခံစားမှုပုံစံကို ရရှိစေမည်ဖြစ်သည်။

Galaxy A80 တွင် ပါဝင်လာသော 3700 mAh ဘက်ထရီကြောင့် ဖုန်းသုံးစွဲမှုကို ပိုမိုကြာရှည်စွာ စွမ်းဆောင် စေနိုင်သကဲ့သို့ 25 W နှုန်းရှိသည့်အမြန်အားသွင်းစနစ်က ပြန်လည်အားသွင်းသည့်အခါ ပိုမိုမြန်ဆန် အဆင်ပြေစေမည်ဖြစ်သည်။ Galaxy A80 ၏ AI ပံ့ပိုးမှုပါဝင်သည့်ဆော့ဖ်ဝဲတွင် ဘက်ထရီ၊ CPU၊ RAM တို့ကို အဆင့်မြှင့်တင်ပေးထားသဖြင့် ဖုန်း၏လုပ်ဆောင်ချက်နှင့် အက်ပလီကေးရှင်းများကို အသုံးပြုရာတွင် ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။ Bixby Routines က သုံးစွဲသူ၏ဖုန်းသုံးစွဲမှုကို စောင့်ကြည့်လေ့လာမည်ဖြစ်ပြီး အသုံးပြုလိုသည့် လုပ်ဆောင်ချက်များအား အလိုအလျောက်သိနိုင်အောင်ကူညီပေးမည်ဖြစ်သည်။ ဖုန်းထဲတွင် ပါဝင်သည့် chipset အပိုင်းမှ software ပိုင်းအထိကာကွယ်ပေးနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် Samsung ၏ ကိုယ်ပိုင်လုံခြုံရေးစနစ် Samsung Knox ကိုလည်း ထည့်သွင်းပေးထားသည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား လုံခြုံစိတ်ချစွာသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Galaxy A80 အား ၉၉၉,၀၀၀ ကျပ်ဖြင့် ဇူလိုင်လ (၂၂) ရက်မှ စတင်၍ဝယ်ယူနိုင်မည်ဖြစ်ပြီး ရွှေရောင် (Angel Gold)၊ အဖြူရောင် (Ghost White) နှင့် အမဲရောင် (Phantom Black) စသည့် အရောင် (၃) မျိုး ရရှိနိုင်မည်ဖြစ်သည်။ ဇွန် (၂၂) ရက် မှ ဇူလိုင် (၁၄) ရက်အတွင်း နီးစပ်ရာ Samsung အရောင်းဆိုင်များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စရန်ငွေ (၅၀,၀၀၀) ကျပ် ပေးသွင်း ကြိုတင်မှာယူနိုင်ကြောင်းသိရသည်။

ကြိုတင်မှာယူသူများအတွက် အထူးအခွင့်အရေးအနေဖြင့် ငွေကျပ် (၁၁၅,၀၀၀) တန်Galaxy Fit e နှင့် BLACK PINK strap ဖုန်းကာဗာ (Limited edition) တို့ကို အထူးလက်ဆောင်အဖြစ်ပေးအပ်မည့်အပြင် Samsung Myanmar နှင့် Mytel ပူးပေါင်းထားသောကြောင့် အခမဲ့ဒေတာအသုံးပြုမှု 3GB နှင့် Mytel ဖုန်းအချင်းချင်းခေါ်ဆိုမှု မိနစ်ပေါင်း (၃၀၀) အား (၆) လ ဆက်တိုက်ရရှိမည်ဖြစ်ပြီး ဖုန်းအရှေ့မှန်ကွဲ၍ ပြန်လဲသည့်အခါလည်း (၂၀၁၉ ခုနှစ်အတွင်း စတင်ဝယ်ယူပြီးချိန်မှ ၃ လ အတွင်း အကျုံးဝင်မည်ဖြစ်သည့်) ၄၀ ရာခိုင်နှုန်းသက်သာသည့်ခံစားခွင့် (no worry crack) အားရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top