ရီးရဲလ်နည်းပြရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ ဆိုလာရီ ပြော

s4-e1551857749556.jpg

(Unicode)

ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အေဂျက်စ်ကို ၁-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၅ ဂိုးနဲ့ ရီးရဲလ်အသင်း ပြိုင်ပွဲက ထွက်ခဲ့ရပေမဲ့ နည်းပြရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ ဆိုလာရီက ပြောပါတယ်။

ချန်ပီယံလိဂ်ဖလားကို (၃) နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ ရီးရဲလ်အသင်းဟာ အေဂျက်စ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ မိနစ် (၂၀) မပြည့်ခင် (၂) ဂိုးပေးခဲ့ရပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ အေဂျက်စ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ အိမ်ကွင်းပွဲစဉ် (၄) ပွဲဆက်တိုက် ရှုံးနိမ့်မှု ကြုံခဲ့တာဖြစ်ပါတယ်။ ” ဝမ်းနည်းမိတယ်၊ စိတ်ပျက်ရပါတယ်။ ကျွန်တော် အလုပ်လုပ်ဖို့ ရီးရဲလ်အသင်းကို ရောက်လာတာပါ။ ပရော်ဖက်ရှင်နယ်ဆန်ဖို့ လိုပါတယ်။ မနက်ဖြန် လေ့ကျင့်ခန်းပြန်ဆင်းမှာပါ။ အခုလို အခက်အခဲကြုံရချိန်မှာ လက်လျှော့အရှုံးပေးဖို့ ရောက်လာတာ မဟုတ်ပါဘူး”လို့ ဆိုလာရီက ပြောပါတယ်။

သူ့အနေနဲ့ ရာထူးက ထုတ်ခံရရင် မျှတတယ်လို့ ပြောနိုင်သလားလို့ မေးမြန်းရာမှာ အဲဒီကိစ္စက သူ ပိုင်းခြားသုံးသပ်ရမယ့်ကိစ္စမဟုတ်ဘူးလို့ ဆိုလာရီက တုံ့ပြန်ခဲ့ပါတယ်။ ရီးရဲလ်နောက်ခံလူ ကာဗာဂျယ်ကတော့ အေဂျက်စ်နဲ့ပွဲစဉ်ဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးပွဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

(Zawgyi)

ရီးရဲလ္နည္းျပရာထူးကေန ႏုတ္ထြက္မွာမဟုတ္ဘူးလို႔ ဆိုလာရီ ေျပာ

ခ်န္ပီယံလိဂ္ (၁၆) သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ေအဂ်က္စ္ကို ၁-၄ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ၃-၅ ဂိုးနဲ႔ ရီးရဲလ္အသင္း ၿပိဳင္ပြဲက ထြက္ခဲ့ရေပမဲ့ နည္းျပရာထူးကေန ႏုတ္ထြက္မွာမဟုတ္ဘူးလို႔ ဆိုလာရီက ေျပာပါတယ္။

ခ်န္ပီယံလိဂ္ဖလားကို (၃) ႏွစ္ဆက္တိုက္ ဆြတ္ခူးခဲ့တဲ့ ရီးရဲလ္အသင္းဟာ ေအဂ်က္စ္နဲ႔ ကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္မွာ မိနစ္ (၂၀) မျပည့္ခင္ (၂) ဂိုးေပးခဲ့ရၿပီး ဂိုးျပတ္ရႈံးနိမ့္ခဲ့ပါတယ္။ ေအဂ်က္စ္နဲ႔ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ ရီးရဲလ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ အိမ္ကြင္းပြဲစဥ္ (၄) ပြဲဆက္တိုက္ ရႈံးနိမ့္မႈ ႀကဳံခဲ့တာျဖစ္ပါတယ္။ ” ဝမ္းနည္းမိတယ္၊ စိတ္ပ်က္ရပါတယ္။ ကြၽန္ေတာ္ အလုပ္လုပ္ဖို႔ ရီးရဲလ္အသင္းကို ေရာက္လာတာပါ။ ပေရာ္ဖက္ရွင္နယ္ဆန္ဖို႔ လိုပါတယ္။ မနက္ျဖန္ ေလ့က်င့္ခန္းျပန္ဆင္းမွာပါ။ အခုလို အခက္အခဲႀကဳံရခ်ိန္မွာ လက္ေလွ်ာ့အရႈံးေပးဖို႔ ေရာက္လာတာ မဟုတ္ပါဘူး”လို႔ ဆိုလာရီက ေျပာပါတယ္။

သူ႔အေနနဲ႔ ရာထူးက ထုတ္ခံရရင္ မွ်တတယ္လို႔ ေျပာႏိုင္သလားလို႔ ေမးျမန္းရာမွာ အဲဒီကိစၥက သူ ပိုင္းျခားသုံးသပ္ရမယ့္ကိစၥမဟုတ္ဘူးလို႔ ဆိုလာရီက တုံ႔ျပန္ခဲ့ပါတယ္။ ရီးရဲလ္ေနာက္ခံလူ ကာဗာဂ်ယ္ကေတာ့ ေအဂ်က္စ္နဲ႔ပြဲစဥ္ဟာ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ အဆိုး႐ြားဆုံးပြဲလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

Nz (႐ိုးရာေလး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top