WLC: KING OF NINE LIMBS အတွက် တွဲဆိုင်းများထွက်ပေါ်

65481756_2459675094063396_5642918060017844224_n-1-2.jpg

သြဂုတ်လ (၂) ရက်နေ့ကျရင် မန္တလေးမြို့၊ မန္တလာသီရိအားကစားရုံမှာယှဉ်ပြိုင်ထိုးသတ်မယ့် WLC: KING OF NINE LIMBS ပြိုင်ပွဲအတွက် တွဲဆိုင်းတွေ ထွက်ပေါ်လာပါပြီ။ ဒေ့ဗ်လက်ဒု (ကနေဒါ) နဲ့ ဆက်သ်ဘက်ဇင်စကီး (အမေရိကန်) တို့ရဲ့ ခရူဇာဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ (၅ ချီ) က ခေါင်ပွဲဖြစ်ပြီး ဒုတိယခေါင်ပွဲကတော့ အာသာဆာလာဒီးယပ်စ် (ပိုလန်) နဲ့ ဆာရှာမွိုင်ဆာ (ယူကရိန်း) တို့ရဲ့ လိုက်မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ (၅ ချီ) ဖြစ်ပါတယ်။ ခေါင်ပွဲနဲ့ ဒုတိယခေါင်ပွဲတွေမှာ မြန်မာလက်ဝှေ့သမားတွေမပါဝင်တာကတော့ ထူးခြားချက်ပါပဲ။

မြန်မာ့ရိုးရာလက်ဝှေ့ကျော် မိုက်ရိုင်းကတော့ WLC မှာ ပွဲဦးထွက်ယှဉ်ပြိုင်မယ့် ထိုင်းလက်ဝှေ့သမား ဖက်နာရင်နဲ့ ဖယ်သာဝိတ် (၅ ချီ) ပွဲစဉ် ထိုးသတ်မှာပါ။ WLC-8 မှာ ကမ္ဘောဒီးယားလက်ဝှေ့သမား ပစ်ခ်ထဲခမန်းကို အမြင့်ခြေကန်ချက်နဲ့ အနိုင်ရခဲ့တဲ့ ဗီယက်နမ်လက်ဝှေ့သမား ငုယင်ထရန်ဒူးနက်ကတော့ မလေးရှားလက်ဝှေ့သမား အိုင်ဇက်ဇာကီနဲ့ လိုက်ဝိတ် (၅ ချီ) ပွဲစဉ် ထိုးသတ်မှာဖြစ်ပါတယ်။ အိုက်ဇက်ဇာကီအတွက်တော့ WLC ပွဲဦးထွက်ပါ။ အမျိုးသမီး ဘင်တန်ဝိတ် (၃ ချီ) ပွဲစဉ်မှာတော့ ပြင်သစ်လက်ဝှေ့မယ် ဆိုရိစ်မန်ဖရက်ဒီနဲ့ ကမ္ဘောဒီးယားလက်ဝှေ့မယ် အဲယာနက်တို့ ထိုးသတ်မှာဖြစ်ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့မောင်တွေ ထိုးသတ်မယ့်ပွဲစဉ်တွေမှာတော့- ဟိန်းထွန်းအောင် (ရွှေသထုံ) နဲ့ လင်းထက်အောင် (တောင်ကလေး) တို့ရဲ့ လိုက်ဝိတ် (၅ ချီ) ပွဲ၊ ထက်နိုင်အောင် (ရွှေသထုံ) နဲ့ ဆိုင်းမောင်မောင် (ထူးမေတ္တာထူး) တို့ရဲ့ လိုက်ဝိတ် (၄ ချီ) ပွဲ၊ ပိုင်သက်အောင် (ကညောသွီ) နဲ့ အောင်ပိုင် (ထူးမေတ္တာထူး) ရဲ့ ဘင်တန်ဝိတ် (၄ ချီ) ပွဲ၊ စောအယ်ကလူ (ကညောသွီ) နဲ့ စောလင်းလင်း (အဲ့ကညော) ရဲ့ ဝယ်လ်တာဝိတ် (၄ ချီ) ပွဲစဉ်တွေ ပါဝင်နေပါတယ်။

လက်မှတ်တွေကို majortickets.com.mm၊ Major Ticket ၃၁ လမ်း ၈၃ x ၈၄ လမ်းကြား၊ Major Ticket လမ်း ၈၀ နှင့် ၃၃ လမ်းထောင့်၊ ၇၃ ကြည်ပြာစတိုး ၇၃ လမ်း ၃၂ x ၃၃ လမ်းကြား စတဲ့နေရာတွေမှာဝယ်ယူနိုင်ပြီး လက်မှတ်ဈေးနှုန်းတွေကို (၁၀၀၀၀) ကျပ်၊ (၃၀၀၀၀) ကျပ်၊ (၅၀၀၀၀) ကျပ် အသီးသီးသတ်မှတ်ထားပါတယ်။

(Players Fact Box)

ဒေ့ဗ်လက်ဒု

အသက် – ၂၈ နှစ်
အရပ်အမြင့် – ၆ ပေ ၂ လက်မ
ပွဲမှတ်တမ်း – ၄ ပွဲနိုင် ၆ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

ဆက်သ်ဘက်ဇင်စကီး (ကနေဒါ Ringside ဝေါ်လ်တာဝိတ်ချန်ပီယံ)

အသက် – ၃၇ နှစ်
အရပ်အမြင့် – ၆ ပေ ၂ လက်မ
ပွဲမှတ်တမ်း – ၂၁ ပွဲနိုင် ၁၀ ပွဲရှုံး
WLC ပွဲဦးထွက်ထိုးသတ်မှု

အာသာဆာလာဒီးယပ်စ် (WLC လိုက်မစ်ဒယ်လ်ဝိတ်ကမ္ဘာ့ချန်ပီယံ)

အသက် – ၂၈ နှစ်
အရပ်အမြင့် – ၅ ပေ ၁၁ လက်မ
ပွဲမှတ်တမ်း – ၂၀ ပွဲနိုင် ၅ ပွဲရှုံး ၁ ပွဲသရေ
WLC စတုတ္ထအကြိမ်ထိုးသတ်မှု

ဆာရှာမွိုင်ဆာ (ထိုင်းဖိုက်၊ Real Hero ချန်ပီယံ)

အသက် – ၂၅ နှစ်
အရပ်အမြင့် – ၅ ပေ ၁၁ လက်မ
ပွဲမှတ်တမ်း – ၃၉ ပွဲနိုင် ၇ ပွဲရှုံး ၁ ပွဲသရေ
WLC ဒုတိယအကြိမ်ထိုးသတ်မှု

မိုက်ရိုင်း (၂၀၁၅၊ ၂၀၁၆ ရွှေခါးပတ်ချန်ပီယံ၊ ၂၀၁၃ ဆီးဂိမ်းရွှေတံဆိပ်)

အသက် – ၂၇ နှစ်
အရပ်အမြင့် – ၅ ပေ ၄ လက်မ
ပွဲမှတ်တမ်း – ၄၀ ပွဲနိုင် ၉ ပွဲရှုံး ၁၈ ပွဲသရေ
WLC ပဉ္စမအကြိမ်ထိုးသတ်မှု

ဖက်နာရင်

WLC ပွဲဦးထွက်ထိုးသတ်မှု

ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်၊ ဥရောပချန်ပီယံ)

အသက် – ၃၁ နှစ်
အရပ်အမြင့် – ၅ ပေ ၅ လက်မ
ပွဲမှတ်တမ်း – ၂၇ ပွဲနိုင် ၅ ပွဲရှုံး ၁ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

အဲယာနက် (၂၀၁၃ မှ ၂၀၁၉ ခွန်ခမာချန်ပီယံ)

အသက် – ၁၉ နှစ်
အရပ်အမြင့်- ၅ ပေ ၅ လက်မ
ပွဲမှတ်တမ်း – ၈၈ ပွဲနိုင် ၂၂ ပွဲရှုံး ၈ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

ငုယင်ထရန်ဒူးနတ်

အသက် – ၃၀ နှစ်
အရပ်အမြင့် – ၅ ပေ ၅ လက်မ
ပွဲမှတ်တမ်း – ၂၆ ပွဲနိုင် ၁၇ ပွဲရှုံး ၃ ပွဲသရေ
WLC ဒုတိယအကြိမ်ထိုးသတ်မှု

အိုင်ဇက်ဇာကီ

အသက် – ၂၀ နှစ်
အရပ်အမြင့် – ၅ ပေ ၄ လက်မ
ပွဲမှတ်တမ်း – ၃၈ ပွဲနိုင် ၂ ပွဲရှုံး ၂ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

ဟိန်းထွန်းအောင်

အသက် – ၁၉ နှစ်
အရပ်အမြင့် – ၅ ပေ ၅ လက်မ
ပွဲမှတ်တမ်း – ၁၈ ပွဲနိုင် ၁ ပွဲရှုံး ၅ ပွဲသရေ
WLC ဒုတိယအကြိမ်ထိုးသတ်မှု

လင်းထက်အောင် (၂၀၁၈ ရွှေခါးပတ်ချန်ပီယံ)

အသက် – ၁၉ နှစ်
အရပ်အမြင့် – ၅ ပေ ၄ လက်မ
ပွဲမှတ်တမ်း – ၁၀ ပွဲနိုင် ၁၀ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

ထက်နိုင်အောင်

အသက် – ၁၇ နှစ်
အရပ်အမြင့် – ၅ ပေ ၆ လက်မ
ပွဲမှတ်တမ်း – ၂ ပွဲနိုင် ၁ ပွဲရှုံး ၄ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

ဆိုင်းမောင်မောင်

အသက် – ၁၉ နှစ်
အရပ်အမြင့် – ၅ ပေ ၅ လက်မ
ပွဲမှတ်တမ်း – ၁ ပွဲရှုံး ၃ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

ပိုင်သက်အောင်

အသက် – ၁၇ နှစ်
အရပ်အမြင့် – ၅ ပေ ၄ လက်မ
ပွဲမှတ်တမ်း – ၄ ပွဲနိုင် ၄ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

အောင်ပိုင်

အသက် – ၁၉ နှစ်
အရပ်အမြင့် – ၅ ပေ ၄ လက်မ
ပွဲမှတ်တမ်း – ၁၄ ပွဲနိုင် ၇ ပွဲရှုံး ၆ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

စောအယ်ကလူ

အသက် – ၁၇ နှစ်
အရပ်အမြင့် – ၅ ပေ ၁၁ လက်မ
ပွဲမှတ်တမ်း – ၆ ပွဲနိုင် ၁ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

စောလင်းလင်း

အသက် – ၁၈ နှစ်
အရပ်အမြင့် – ၅ ပေ ၁၀ လက်မ
ပွဲမှတ်တမ်း – ၃ ပွဲနိုင် ၂ ပွဲရှုံး ၅ ပွဲသရေ
WLC ပွဲဦးထွက်ထိုးသတ်မှု

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top