ရန်ကုန်ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနများကို ပြောင်းရွှေ့ဖွင့်လှစ်

92438310_1800912973384754_8722402116531912704_o.jpg

COVID-19 ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အထူးကု ပြင်ပလူနာဌာနတွေကို ဧပြီ ၆ ရက်မှစတင်ပြီး ပြောင်းရွှေ့ဖွင့်လှစ်သွားမယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီဌာနတွေကို ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လသာ(၂)ကျောင်းဝန်းအတွင်း(ဆေးရုံကြီးရဲ့ မျက်နှာခြင်းဆိုင် ဘက်အခြမ်း)ကို ပြောင်းရွှေ့ဖွင့်လှစ်သွားမှာပါ။ လူဦးရေအကန့်အသတ်နဲ့သာ ကြည့်ရှုပေးမှာဖြစ်ပြီးတော့ သက်ဆိုင်ရာဆေးရုံရဲ့ လွှဲစာတွေပါမှသာ ပြသခွင့်ရရှိမှာဖြစ်ပါတယ်။

အခုလိုပြောင်းရွှေ့ဖွင့်လှစ်မယ့် ပြင်ပလူနာဌာနတွေကို စနေ၊ တနင်္ဂနွေမှလွဲပြီး ကျန်ရက်တွေမှာ မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီထိ တစ်ပိုင်း၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီထိ တစ်ပိုင်း၊ စုစုပေါင်း အပိုင်းနှစ်ပိုင်းနဲ့ ကြည့်ရှုကုသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top