HEINEKEN ရဲ့ ထူးခြားမှုကိုသိဖို့ အခုပဲမြည်းစမ်းလိုက်ကြစို့

12-10-2022-yyl-46.jpg

ပင်ပန်းနွမ်းနယ်နေချိန်မှာ Heineken ဘီယာတစ်ငုံ သောက်လိုက်ရတဲ့ အရသာက ဘယ်လောက်ထိမိ သလဲဆိုတာ ညီကိုတို့ သိပြီးကြပြီလား။ လန်းဆန်းပေါ့ပါးသွားတာ Heineken ရဲ့ ထူးခြားချက်ပါပဲ။ အနံ့၊ အရသာ ပြည့်စုံတဲ့ အရည်အသွေးမြင့်ဘီယာ ဖြစ်နေတာကြောင့်ပါပဲ။

Heineken ဘီယာကို ပြောင်း၊ ဆန် မသုံးပဲနဲ့ မုယောအစစ်နဲ့ ချက်လုပ်ထားတဲ့အပြင် ရာနှုန်းပြည့် သဘာ၀ ပစ္စည်းတွေချည်းပဲသုံးထားတဲ့အတွက် ပထမတစ်ငုံမှာတင် ထူးခြားလတ်ဆတ်တဲ့အရသာကို ညီကိုတို့ ခံစားမိစေမှာ ဖြစ်ပါတယ်။

အရသာဟန်ချက်ညီညီ ခံစားရစေဖို့အတွက် အဆင့် (A)ရှိတဲ့ တစေးကိုသာ အသုံးပြု ချက်လုပ်ထားတဲ့အပြင် အဲဒီတစေးတွေကိုလည်း ဖိအားကောင်းကောင်းနဲ့ အရည်အသွေးပိုမြင့်စေဖို့အတွက် အလျားလိုက်သိုလှောင်ရုံတွေမှာ အရည်အသွေးမြင့် ထိပ်တန်းဘီယာချက်လုပ်သူတွေနဲ့ သေချာဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပထမတစ်ငုံနဲ့တင် လန်းဆန်းပေါ့ပါးမှုကိုပေးစွမ်းနိုင်တဲ့ Heineken ဘီယာကို ညီကိုတို့လည်း အခုပဲ မြည်းစမ်းကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။HEINEKEN Myanmar က အတွေ့အကြုံအသစ်တွေဖန်တီးပြီး သောက်သုံးသူတွေကို စိတ်လှုပ်ရှားဖွယ်ရာနဲ့ ပျော်ရွှင်ကျေနပ်မှုတွေရစေမယ့် အရည်အသွေးမြင့် ကမ္ဘာ့အဆင့်မီ ဘီယာအမှတ်တံဆိပ်တွေကို ဖန်တီး ချက်လုပ်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်မီ အမှတ်တံဆိပ်တွေဖြစ်တဲ့ Heineken® အပြင် Tiger ၊ Tiger Crystal၊ ABC Extra Stout ၊ BAWDAR၊ Regal Seven နဲ့ Regal Seven Extra စတဲ့အမှတ်တံဆိပ်တွေကိုပါ HEINEKEN Myanmar က ထုတ်လုပ်လျက်ရှိပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top