အခုလို ပူပြင်းလှတဲ့နွေရာသီမှာ အရိပ်အာဝါသ ကောင်းကောင်းရဖို့ လိုအပ်ပါတယ်။ သစ်ပင်ရဲ့အရိပ်တန်ဖိုးကို နွေအခါမှသိဆိုတဲ့ စကားအတိုင်း သစ်ပင်ရဲ့အရိပ်က အရမ်းကိုအေးချမ်းလှသလို မိုးရွာရွာ၊ နေပူပူ သစ်ပင်ရဲ့အရိပ်အောက်မှာ ခိုနားလိုက်လို့ရပါတယ်။ ပူပြင်းတဲ့ဒေသမျိုးတွေကို ပြန်လည်စိမ်းလန်းလာအောင်လည်း အပင်များများစိုက်ပေးဖို့ လိုအပ်လာပါတယ်။
ဖိလစ်ပိုင်မှာဆိုရင် ၂၀၁၄ခုနှစ်က တစ်နာရီတည်းနဲ့ သစ်ပင် (၃) သန်းကျော် စိုက်ပျိုးခဲ့တာကြောင့် ကမ္ဘာ့စံချိန်တောင်ချိုးခဲ့ပါတယ်။ အဲဒီလိုလှုပ်ရှားမှုကို အမျိုးသားသစ်ပင်ပြန်လည်ပျိုးထောင်ရေးအစီအစဉ်တစ်ခုအနေနဲ့ Mindanao ကျွန်းပေါ်မှာ မျိုးစေ့ချခဲ့တာဖြစ်ပြီး အစိုးရဝန်ထမ်းတွေ၊ ကျောင်းသား/သူတွေ၊ စေတနာဝန်ထမ်းတွေအပါအဝင် ဖိလစ်ပိုင်လူမျိုး (၁၆၀၀၀၀) ပါဝင်လှုပ်ရှားခဲ့ပါတယ်။
၂၀၁၁ခုနှစ် သြဂုတ်လမှာ သစ်ပင် (၁.၉) သန်းကို စိုက်ပျိုးခဲ့တဲ့ အိန္ဒိယကို ဖိလစ်ပိုင်က စံချိန်းချိုးပစ်ခဲ့တာလည်းဖြစ်ပါတယ်။
Source – Internet
Team (ရိုးရာလေး)