လက်သည်းဖျက်ဆေးအပြင် လက်သည်းနီဖျက်လို့ရတဲ့ အခြားအရာများ

nail.jpg

လက်သည်းနီတွေ ပျက်နေလို့ ကြည့်ရဆိုးနေပြီလား။ လက်သည်းနီဖျက်ဆေးရှာတဲ့အခါမှာ ဖျက်ဆေးကလည်း ကုန်နေပြီ။ အဲဒီလိုအခါမျိုးမှာ လက်သည်းကို အသုံးပြုပြီး လက်သည်းနီတွေကို ခွာပစ်တတ်ကြပါတယ်။ အဲဒီလိုလုပ်တာက လက်သည်းတွေကို ခြောက်သွေ့စေသလို အဆင်းရာတွေဖြစ်စေတတ်တဲ့အတွက် ရှောင်သင့်ပါတယ်။ လက်သည်းဖျက်ဆေး အလောတကြီးလိုနေရင် ဘယ်လိုလုပ်မလဲ.။ အဲဒီအတွက် လက်သည်းဖျက်ဆေးအစား အခြားအရာတွေ အသုံးပြုပြီး လက်သည်းနီဖျက်လို့ရပါတယ်။ ဘာတွေလည်းဆိုတာ ကြည့်လိုက်ကြရအောင်…။

၁။ သွားတိုက်ဆေး

ကျွန်မတို့လုပ်ရမှာက သွားပွတ်တံအဟောင်းတစ်ခုနဲ့ သွားတိုက်ဆေးအနည်းငယ်ကို လက်သည်းပေါ်မှာ ပွတ်တိုက်လိုက်ရမှာပါ။ သွားတိုက်ဆေးက လက်သည်းဖျက်ဆေးမှာ ပါရှိတဲ့ အီသိုင် အက်ဆီတိတ် (ethyl acetate) ဒြပ်ပေါင်းပါဝင်ပါတယ်။

၂။ ချွေးနံ့ပျောက်ဆေး

လက်သည်းနီဖျက်ဖို့ အခြားနည်းတစ်ခုက ချွေးနံ့ပျောက်ဆေးကို အသုံးပြုဖို့ပါပဲ။ အဲဒီကို လက်သည်းပေါ်မှာ ဖြန်းလိုက်ပြီး ဝါဂွမ်းလေးနဲ့ ပွတ်လိုက်ပါ။ ပုံမှန်လက်သည်းဖျက်ဆေးတွေထက် တစ်ခါထက်ပိုပြီး လုပ်ဆောင်ရသလို အချိန်အနည်းငယ်ပိုပေးရပါတယ်။

၃။ လက်သန့်ဆေးရည်

လက်သည်းဖျက်ဆေးထက် လက်သန့်ဆေးရည်ကို အဆင့်သင့်ဆောင်ထားတတ်ကြပါတယ်။ ဝါဂွမ်းပေါ်ကို လက်သန့်ဆေးရည်အနည်းငယ်ကို ထည့်လိုက်ပြီး လက်သည်းကို ပွတ်လိုက်ပါ။ လက်သည်းနီတွေ ပျက်သွားတဲ့အထိ ထပ်ခါထပ်ခါ လုပ်ရမှာဖြစ်ပါတယ်။

၄။ ရေမွှေး

ချွေးနံ့ပျောက်ဆေးလိုပဲ ရေမွေးကလည်း လက်သည်းဖျက်ဆေးအနေနဲ့ အသုံးပြုလို့ရပါတယ်။ တစ်ရှုးတစ်ခုပေါ်ကို ရေမွှေးဖြန်းလိုက်ပြီး လက်သည်းတွေကို ပွတ်တိုက်လိုက်ပါ။ အဲဒီနည်းကို အသုံးပြုတဲ့ မိန်းကလေးတွေကတော့ တော်တော်လေးအလုပ်ဖြစ်တာကို သိရမှာဖြစ်ပါတယ်။

၅။ ဆံပင်ပုံသွင်းဆေးရည်

အရက်ပါဝင်တဲ့ ဖြန်းဆေးတွေက လက်သည်းဖျက်ဆေးတွေလို့ စွမ်းဆောင်နိုင်ပါတယ်။ လက်သည်းတွေကို ဆံပင်ပုံသွင်းဆေးရည်နဲ့ ဖြန်းလိုက်ခြင်းအားဖြင့် လက်သည်းနီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ လက်သည်းကို ဆံပင်ပုံသွင်းဆေးရည်ကိုဖြန်းပြီး ဝါဂွမ်းစလေးနဲ့ ပွတ်လိုက်ရုံပါပဲ။

ကဲ..လက်သည်းနီဖျက်ဖို့အတွက် လက်သည်းဖျက်ဆေးအပြင် အသုံးပြုလို့ရတဲ့ အခြားအရာတွေ ဖော်ပြပေးလိုက်ပြီဆိုတော့ လက်သည်းဖျက်ဆေးကုန်သွားမှာ ပူစရာမလိုတော့ဘူးနော်..။

Ref: TOI “best ways to remove nail polish without a remover”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top