စမတ်ဖုန်းဦးစားပေးမှုတွေ ပြောင်းသွားချိန်မှာ

3-1.jpg

စမတ်ဖုန်းတစ်လုံးဝယ်ရင် ဦးစားပေးမှုတွေ ပြောင်းလဲသွားချိန် လူအတော်များများရဲ့ ပါးစပ်ဖျားမှာ selfie ဆိုတဲ့ ဝေါဟာရက ရေပန်းစားလာပါတယ်။ ဖုန်းကုမ္ပဏီတွေကလည်း ဒီအချက်ကို အမိအရ ဆုပ်ကိုင်ပြီး သူတို့ရဲ့ ထုတ်ကုန်တွေမှာ ထည့်သွင်းလာကြပါတယ်။

Selfie အကြောင်းပြောရင် ဒီယဉ်ကျေးမှုကို အာရုံစိုက်လွန်းတဲ့ Brand တစ်ခုအကြောင်းကလည်း ပြောစရာ ဖြစ်ပါတယ်။ ဒါကတော့ Vivo ပါ။ V5, V5 plus တွေတုန်းကလည်း Selfie အသားပေးခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ V7+ ကလည်း Selfie အသားပေး စမတ်ဖုန်းတစ်လုံးပါပဲ။

V7+ ကို ဈေးကွက်ထဲမှာ ရောင်းချတုန်းက လူကြိုက်များခဲ့ကြပေမယ့် ဈေးနှုန်းနဲ့ပတ်သက်ပြီး အငြင်းအခုန် ဖြစ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းမှာတော့ V7 ကို ဈေးကွက်ထဲ တင်ပြီးရောင်းချခဲ့ပြန်ပါတယ်။ V7 က အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးအတွက် သင့်တင့်တဲ့ ဈေးနှုန်းဖြစ်လာသလို၊ 24MP အရှေ့ကင်မရာ၊ 5.7 လက်မအကျယ် FullViewTM Display စတာတွေလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ အနောက် ကင်မရာကလည်း 16MP အထိ ထောက်ပံ့ပေးထားတာကြောင့် အရွယ်အစားအနည်းငယ် လျော့သွားတာကလွဲရင် အဓိက အားသာချက်မှာ V7 က စိတ်ဝင်စားစရာ ကောင်းနေပါလိမ့်မယ်။ Selfie ဝေါဟာရရဲ့ နောက်မှာ တစ်ဆက်တည်းလိုလို ပါဝင်လာတဲ့ လိုအပ်ချက်တွေက ရိုက်တဲ့ပုံတွေ ကြည်လင်ပြတ်သားဖို့၊ လှပနေဖို့၊ ချောမွေ့နေဖို့ တွေပါပဲ။ အခုနောက်ပိုင်းမှာဆိုရင် ဖုန်းကင်မရာက DSLR နဲ့ ရိုက်ထားသလိုမျိုးပဲ အဓိက ပုံရိပ်က ကြည်လင်ပြတ်သားပြီး နောက်ခံတွေက ဝေဝါးနေစေတဲ့အထိ ထောက်ပံ့မှုတွေကို တောင်းဆိုလာကြတာကို တွေ့ရမှာပါ။

ဒီအတွက် V7 ကတော့ အရှေ့ကင်မရာအပြင် အနောက်ကင်မရာမှာပါ ဒီလို နောက်ခံဝေဝါးပေးတဲ့ ထောက်ပံ့မှုကို ထည့်သွင်းပေးထားပါတယ်။ 16MP အရှေ့ကင်မရာဟာ အလင်းရောင်နည်းနေချိန်မှာတောင် အလင်းချိန်ညှိမှုကို ပြုလုပ်ပြီး သဘာဝနဲ့အနီးစပ်ဆုံး ပုံရိပ်ကို ဖမ်းယူပေးတာ တွေ့ရပါတယ်။ ဒီအချက်က အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးအတွက် အားရစရာအချက်ပါပဲ။ အနှစ်ချုပ်ကြည့်မယ်ဆိုရင်တော့ ဒီတစ်ခေါက် V7 က ပြောင်းလဲလာကြတဲ့ ဦးစားပေးမှုတွေကို အနီးစပ်ဆုံး ဖြည့်စည်းပေးထားတယ်လို့ ဆိုရပါလိမ့်မယ်။ ကိုင်တွယ်ရ ကောင်းမွန်တာနဲ့ 24MP selfie camera, FullViewTM Display တို့ကတော့ သူ့ရဲ့ first impression လို့ ဆိုရပါလိမ့်မယ်။ 4GB RAM, 32GB ROM, Snapdragon 450 နဲ့ 3000 mAh တို့ကတော့ တစ်နေ့တာလုံး အသုံးပြုရမယ့် performance အတွက် အစမ်းသပ်ခံမှာပါ။ ဒါ့ကြောင့် V7 ဟာ စမတ်ဖုန်း အသုံးပြုသူတွေရဲ့ ပြောင်းလဲလာတဲ့ ဦးစားပေးအချက်တွေနဲ့ ကိုက်ညီအောင် ကြိုးစားထားတဲ့အတွက် စမတ်ဖုန်းဝယ်ဖို့ အရောင်းဆိုင်ကိုရောက်ပြီဆိုရင် လက်တွေ့စမ်းသပ် လေ့လာကြည့်ရမယ့် စာရင်းထဲက ဖုန်းတစ်လုံးပါပဲ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top