လူနာတွေကို ကုသနိုင်ဖို့အတွက် ဆံပင်တွေကို ဖြတ်ပစ်ခဲ့ရတဲ့ ဝူဟန်မှာအလုပ်လုပ်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ

yyl-013.jpg

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ်အသစ်ပျံ့နှံ့ပြီး လူသေဆုံးမှုတွေ၊ ကူးစက်ခံရမှုတွေရှိနေတာကြောင့် အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်နေပါတယ်။ တစ်ပတ်အကြာမှာ ဝူဟန်မြို့ဟာ ရောဂါထိန်းချုပ်နေရတာကြောင့် အစားအစာနဲ့ ဆေးဝါးပြတ်လတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ လူထောင်ပေါင်းများစွာ ကူးစက်ခံနေရတဲ့အတွက် ဆရာဝန်တွေလည်း ကြိုးစားကယ်တင်နေရပြီး ကမ္ဘာတစ်ဝှမ်းက ကျွမ်းကျင်ဆရာဝန်တွေလည်း ဝူဟန်ဗိုင်းရပ်ကို ထိန်းချုပ်နိုင်ဖို့ ဝူဟန်ကို လာရောက်ခဲ့ကြပါတယ်။

ဝူဟန်မှာ အလုပ်လုပ်နေကြတဲ့ဆရာဝန်တွေ၊ သူနာပြုတွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့သူတွေကို ခွဲစိတ်ကုသတာတွေလုပ်ဖို့အတွက် သူတို့ရဲ့ဆံပင်တွေကိုတောင် ဖြတ်ပစ်ခဲ့ရပါတယ်။ ဒါမှ ခွဲစိတ်ခန်းသုံးခေါင်းဆောင်းတွေကို အံ့ဝင်ခွင်ကျဖြစ်အောင် ဝတ်နိုင်မှာဖြစ်ပါတယ်။ သူတို့ရဲ့လူနာတွေဆီက ရောဂါပိုးတွေကနေ ကာကွယ်နိုင်ဖို့လည်း ဝတ်စုံတွေကို အထပ်ထပ်ဝတ်ဆင်ထားရတယ်လို့ သိရပါတယ်။

သူနာပြုတွေက ကိုရိုနာဗိုင်းရပ်စ်အကာကွယ်ခေါင်းဆောင်းတွေကို ဝတ်ဆင်ဖို့အတွက် အချင်းချင်းဆံပင်ညှပ်ပေးကြရပါတယ်။ သူတို့ အချင်းချင်း ဆံပင်ညှပ်ပေးနေတာကို ပုံတွေထဲမှာ စာဖတ်ပရိသတ်တွေမြင်တွေ့ရမှာပါ။ သူတို့ဟာ ဗိုင်းရပ်စ်ပိုးကနေ ကာကွယ်နိုင်မယ့် ဝတ်စုံအပြည့်အစုံဝတ်ဆင်ပြီးသွားရင် သူတို့အချင်းချင်း မှတ်မိအောင်လို့ ဝတ်စုံရဲ့နောက်ကျောမှာ သူတို့ရဲ့နာမည်ကို ရေးသားထားရပါတယ်။

ဆရာဝန်တွေနဲ့သူနာပြုတွေဟာ သူတို့ရဲ့မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကိုလည်း ရောဂါအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် maskတွေဝတ်ဆင်ထားရပါတယ်။ ဝူဟန်မြို့မှာ အကူအညီပေးဖို့အတွက် အပြေးအလွှားလာခဲ့ရတဲ့ နိုင်ငံတော်တော်များများက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ အလုပ်အသည်းသန်လုပ်ရတာကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကြုံသလိုအိပ်စက်ရပါတယ်။

အခုဆိုရင် သုတေသနပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ပျံ့နှံ့သွားမှာကို ကြောက်ရွံ့နေကြပြီး သေဆုံးသူအရေအတွက် ဘယ်လောက်ရှိလာမယ်ဆိုတာကို မခန့်မှန်းနိုင်ဘူးဖြစ်နေပါတယ်။

Ref: 30 Pics That Show The Realities Of Medical Staff Working In Wuhan

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top