စတာလင်ကို cမပြဖို့ ဆုံးဖြတ်တဲ့ VAR စနစ်ကို မော်ရင်ဟို ဝေဖန်

yyl-012.jpg

မန်စီးတီးနဲ့ပွဲစဉ် ပထမပိုင်းမှာ ဒယ်လီအလီကို နင်းခဲ့တဲ့ မန်စီးတီးတောင်ပံကစားသမား စတာလင်ကို တိုက်ရိုက်အနီကတ် မပြခဲ့တဲ့အတွက် စပါးနည်းပြ မော်ရင်ဟိုက VAR စနစ်ကို ဝေဖန်သွားခဲ့ပါတယ်။ မန်စီးတီးတောင်ပံကစားသမား စတာလင်ဟာ အင်္ဂလန်အသင်းဖော် ဒယ်လီအလီရဲ့ ဘယ်ဘယ်ခြေကျင်းဝတ်ကို နင်းမိခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ကြောင့် အချိန်တော်တော်ကြာ ကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပါတယ်။ စတာလင်ရဲ့ ဖျက်ထုတ်မှုကို VAR ကြည့်ခဲ့ပေမဲ့ အဝါကတ်ကနေ အနီကတ်အထိ ပြစ်ဒဏ်တိုးမြှင့်ခဲ့ခြင်းမရှိပါဘူး။

အဲဒီပွဲစဉ်အပြီးမှာတော့ မော်ရင်ဟိုက ” ပရီးမီးယားလိဂ် ဘောလုံးပွဲရဲ့ တစ်ကမ္ဘာလုံး ပျံ့နှံ့မှုကို ထည့်စဉ်းစားလိုက်လို့ VAR စနစ်က စတာလင်ကို အနီကတ်မပြဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူတို့က ပရိသတ်တွေကို မျက်နှာသာပေးဖို့အတွက် ဘောလုံးပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျောခိုင်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒယ်လီအလီကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်လိုက်ကတည်းက စတာလင်ကို ထုတ်ပယ်ရမှာပါ။ မန်စီးတီးအသင်း အရမ်းကံကောင်းပါတယ်။ စတာလင်သာ ထုတ်ခံလိုက်ရရင် ကျွန်တော်တို့အသင်း အခွင့်အရေးတွေ ပိုရမှာပါ။ မိုက်ဒိန်းကလည်း ခက်ခဲတဲ့အလုပ်ကို လုပ်နေရတာပါ။ သူက ကွင်းထဲမှာ တစ်နာရီ မိုင် ၂၀၀ နှုန်းလောက် ပြေးနေရတယ်။ ကွင်းလယ်ဒိုင်အလုပ်က အရမ်းခက်ခဲလို့ ကျွန်တော်တော့ ဒိုင်မဖြစ်ချင်ပါဘူး”လို့ ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top