Forbes ရဲ့ ဝင်ငွေအမြင့်ဆုံးဆယ်လီစာရင်းမှာ နံပါတ် (၁) နေရာရပ်တည်နေတဲ့ ကိုင်လီ ဂျန်နာ

kille-jenner01.jpg

အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုရရှိနေတဲ့ ကိုင်လီဂျန်နာက Forbes ရဲ့ဝင်ငွေအမြင့်ဆုံးဆယ်လီစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ မကြာသေးခင်ကမှ ကိုင်လီ ဂျန်နာဟာ အသက်အငယ်ဆုံးဘီလျံနာဆိုတဲ့ နာမည်ကို ပြန်လည်ရုပ်သိမ်းခံလိုက်ရပေမယ့် Forbes မဂ္ဂဇင်းက ကိုင်လီရဲ့နှစ်စဉ်ဝင်ငွေကို ကြည့်ပြီး ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးဆယ်လီအဖြစ် 2020 Celeb 100 စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်စေခြင်းဖြင့် ကိုင်လီရဲ့အောင်မြင်မှုကို ပြသလိုက်ပြန်ပါပြီ။ ကိုင်လီက သူ့ကိုယ်ပိုင်စီးပွားရေးနဲ့ ဝင်ငွေရရှိနေတဲ့ဖြစ်တဲ့အတွက် ဝင်ငွေအမြင့်ဆုံးဆယ်လီဖြစ်ထိုက်တယ်လို့ Forbes က ဆိုပါတယ်။

အသက် (၂၂) နှစ်သာရှိသေးတဲ့ ကိုင်လီဟာ သူ့ရဲ့အလှကုန်ပစ္စည်း Coty ကြောင့် ပြီးခဲ့တဲ့နှစ်တွေတုန်းက ဝင်ငွေ ကန်ဒေါ်လာ သန်း (၅၉၀) ရရှိခဲ့တယ်လို့ Forbes အရသိရပါတယ်။ ကိုင်လီရဲ့ခဲအို ကန်ရီ ဝက်စ်ကလည်း သူ့ရဲ့ပိုင်ဆိုင်မှုကို Forbes က သေချာမသိဘဲထုတ်ပြန်ခဲ့လို့ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီးတဲ့နောက်မှာ ဒုတိယဝင်ငွေအမြင့်ဆုံးဆယ်လီဖြစ်လာခဲ့ပါတယ်။ သတင်းထုတ်ပြန်ချက်အရ ကန်ရီက ပြီးခဲ့တဲ့နှစ်တွေမှာ ကန်ဒေါ်လာ သန်း (၁၇၀) ဝင်ငွေရှိခဲ့ပါတယ်။ Forbes က သူ့ရဲ့အသားတင်ဝင်ငွေက ကန်ဒေါ်လာ (၁.၃) ဘီလျံဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

ဝင်ငွေအမြင့်ဆုံး(၁၀) ဦးစာရင်းကတော့ ရော်ဂျာ ဖက်ဒရာ (ဒေါ်လာ ၁၀၆.၃သန်း)၊ ခရစ်စတီးယားနို ရော်နယ်လ်ဒို (ဒေါ်လာ ၁၀၅ သန်း)၊ လီယွန်နယ် မက်ဆီ (ဒေါ်လာ ၁၀၄ သန်း)၊ တေလာ ပယ်ရီ (ဒေါ်လာ ၉၇ သန်း)၊ နေမား(ဒေါ်လာ ၉၅.၅ သန်း)၊ ဟိုဝက်တ် စတန် (ဒေါ်လာ သန်း ၉၀)၊ လီဘရွန် ဂျိမ်း (ဒေါ်လာ ၈၈.၂ သန်း) နဲ့ ဒွိန်းဂျွန်ဆင် (ဒေါ်လာ ၈၇.၅ သန်း) ဖြစ်ပါတယ်။ Forbes က ကိုင်လီကို ၂၀၁၉ခုနှစ်တုန်းက ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာအဖြစ် ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးခင်ကမှ ကိုင်လီတို့မိသားစုက အခွန်လိမ်လည်မှုပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ရှိလာခဲ့ပါသေးတယ်။ ကိုင်လီကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တွစ်တာအကောင့်မှာ ငြင်းဆိုထားပါတယ်။

Ref: Kylie Jenner TOPS Forbes Magazine’s highest-paid celebrities list after earning $590m in one year… just days after publication revoked her billionaire status

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top