ဓာတ်မတည့်ခြင်းကို ကုသပေးနိုင်တဲ့ အသုံးဝင်ပစ္စည်းတစ်မျိုး နဲ့ ကုသနည်းများ

aa-1.jpg

သင့်အနီးနားက တစ်စုံတစ်ယောက်ရဲ့ရေမွေးအနံ့ရတဲ့အခါ နှာချေနေမိပြီလား။ ဒါမှမဟုတ် ဖုန်မှုန့်တွေကြောင့် နှာမွန်းသလိုခံစားနေမိပြီလား။ အဲဒီလိုပြဿနာမျိုး နေ့စဉ် ကြုံတွေ့နေရရင်တော့ သင့်ရဲ့ဓာတ်မတည့်ခြင်းအကြောင်းကို သေချာသိဖို့နဲ့ ကုသနိုင်မယ့် နည်းလမ်းကို ရှာတွေ့ဖို့ လိုလာပါပြီ။ ဓာတ်မတည့်ခြင်းကို ကုသဖို့ဆိုတာ သင် ဖြစ်နေတဲ့ လက္ခဏာရပ်တွေ ပြင်းထန်မှု၊ မပြင်းထန်မှု ပေါ်မှာ မူတည်နေပါတယ်။ ဓာတ်မတည့်ခြင်းအမျိုးအစားအားလုံးအတွက် မတူညီတဲ့ကုသမှုတွေရှိပါတယ်။ ဒါပေမဲ့ သင့်ရဲ့မီးဖိုချောင်ကနေ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတစ်မျိုးနဲ့ သင့်ရဲ့ဓာတ်မတည့်ခြင်းတွေကို ကုသပေးလို့ရပါတယ်။ အဲဒီပစ္စည်းကတော့ နနွင်းမှုန့်ဖြစ်ပြီး အဲဒီအမှုန့်ကို အသုံးပြုပြီး ဓာတ်မတည့်ခြင်းတွေကို ဖယ်ရှားဖို့ နည်းလမ်းတွေရှိပါတယ်။

နနွင်းမှုန့်နဲ့နွားနို့

ပါဝင်ပစ္စည်းတွေကတော့ နနွင်းမှုန့် (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ နွားနို့ (၁) ခွက်၊ ပျားရည် (၁) ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ဖြစ်ပါတယ်။ ပွတ်ပွတ်ဆူနေတဲ့ နွားနို့ထဲကို နနွင်းမှုန့်၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်တွေကို ရောထည့်လိုက်ပြီး သမအောင် ရောမွှေလိုက်ပါ။ အရောအနှောကို အနည်းငယ် အအေးခံပြီး အိပ်ရာမဝင်ခင် နေ့တိုင်း သောက်သုံးပေးပါ။

နနွင်းနဲ့ ရေနွေး

ပါဝင်ပစ္စည်းတွေက နနွင်းမှုန့် (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ ပျားရည် (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ ရေ (၁) ခွက်တို့ပါပဲ။ ဒယ်အိုးနဲ့ ရေကို အပူပေးလိုက်ပြီး အဲဒီအထဲကို နနွင်းမှုန့် ရောထည့်လိုက်ပါ။ ပြီးရင် သမအောင် မွှေပြီး ဖန်ခွက်ထဲကို လောင်းထည့်လိုက်ပါ။ ပျားရည်ထည့်ပြီးသွားရင် သောက်သုံးလို့ရပါပြီ။ နနွင်းနဲ့ရေနွေးကို တစ်နေ့ နှစ်ကြိမ်သောက်ပေးခြင်းက ဓာတ်မတည့်တာတွေကို ပြေလျော့စေနိုင်ပါတယ်။

နနွင်းအရည်

ဒီနည်းကတာ့ အရမ်းကို ရိုးရှင်းပါတယ်။ ရေခွက်တစ်ခွက်ထဲကို နနွင်းမှုန့်ရောထည့်ပြီး သမအောင် ရောစပ်ပြီးသွားရင်တော့ သောက်သုံးလို့ရပါတယ်။ အဲဒီအရည်ကို အနည်းဆုံး တစ်နေ့ တစ်ကြိမ် သောက်သုံးပေးပါ။

နနွင်းနဲ့ ပန်းသီးအရက်ရှာလကာရည်

ပါဝင်ပစ္စည်းအနေနဲ့ကတော့ နနွင်းအမြစ်အသေးတစ်ခု၊ သံပုရာခွံ (လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ပန်းသီးအရက်ရှာလကာရည် (လက်ဖက်ရည်ဇွန်း (၂) ဇွန်းတို့ဖြစ်ပါတယ်။ နနွင်းအမြစ်ကို ဖျော်စက်ထဲထည့်ပြီး အနှစ်ရအောင်လုပ်ပါ။ အဲဒီနောက် နနွင်းအနှစ်ထဲကို ပျားရည်၊ သံပုရာအခွံ၊ ပန်းသီးအရက် ရှာလကာရည်တို့ကို ရောထည့်လိုက်ပြီး သမအောင် မွှေပေးပါ။ သမအောင်မွှေပြီးသွားရင်တော့ လေလုံထဲဘူးထဲမှာ သိမ်းထားပေးရမှာဖြစ်ပါတယ်။ မနက်ခင်းပိုင်း ဘာမှမစားရသေးခင်မှာ ဒီအရောအနှောကို လက်ဖက်ရည်ဇွန်း (၁) ဇွန်း နေ့တိုင်းစားပေးရမှာဖြစ်ပါတယ်။

ရလဒ်ကောင်းကို တွေ့ရဖို့ဆိုရင် အော်ဂဲနစ် နနွင်းမှုန့်ကို ဝယ်ယူပေးပါ။ နနွင်းမှုန့်ကို စားသုံးပေးခြင်းက ဘယ်လိုဆိုးကျိုးမှ မရှိပေမဲ့ အစာအိမ်နာတာ၊ မအီမသာဖြစ်တာ၊ မူးဝေတာတွေ ဖြစ်လောက်တဲ့အထိ အရမ်းကြီးမစားသုံးသင့်ပါဘူး။ ကိုယ်ဝန်ရှိတဲ့သူ၊ သည်းခြေအိတ်မကောင်းတဲ့သူတွေ ဒီနည်းတွေကို ရှောင်ရှားပေးသင့်ပါတယ်။

Ref: Here is how you should use TURMERIC to cure your allergies
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top