အိုင်းစတိုင်း (Einstein) မှားခဲ့တဲ့ အချက် ၃ ချက်

3-7-2020-yyl-027.jpg

အလုံးစုံပြီးပြည့်စုံတဲ့လူ မရှိဘူးတဲ့။ (Nobody’s perfect!) ။ အိုင်းစတိုင်း ( Einstein) လို လူတောင်မှ မှားခဲ့သေးပါသတဲ့။ “သူရဲ့ ထူးချွန်ပြောင်မြောက်မှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အိုင်းစတိုင်းဟာ အမှား များများစားစား မလုပ်ခဲ့ပါဘူး။

တချို့အချိန်တွေမှာတော့ ကောက်ချက်အလွဲတွေ ချခဲ့ျ့ပီး အဲဒီအထဲက အချို့ကတော့ အမှန်တစ်ကယ်ကို ဆိုးဆိုးရွားရွား လွဲမှားခဲ့တယ်” လို့ ရူပဗေဒ ပညာရှင် ဒန်ဟူးပါး ( Dan Hooper) ကပြောပါတယ်။ ပြီးတော့ သူ့ရဲ့ ကြီးကြီးမားမား အမှားတွေထဲက တော်တော်များများဟာ သူအမှန်ကို မြင်တဲ့အခါ အရမ်းကြီးမှားသွားတာမျိုးလည်း မဟုတ်နေပြန်ဘူး။ တချို့ကိစ္စတွေမှာဆို နှစ်အနည်းငယ်ကြာမှ သူများတွေ မတွေ့နိုင်သေးတဲ့ သူရဲ့အမှားကို သူကိုယ်တိုင်ပြန်တွေ့တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီအထဲက ဒီ ၃ ခု ကို လေ့လာကြည့်ကြတာပေါ့။

၁။ တွင်းနက်များ (Black Holes)

1915 ခုနှစ်မှာ ၊ Einstein ဟာ သူ့ရဲ့ 20 ရာစု ရူပဗေဒ သမိုင်းမှာ အကြီးမားဆုံးဖြစ်တဲ့ ယေဘုယျ နှိုင်းရ သီအိုရီ ( General Theory of Relativity) ( ဆွဲငင်အားဆိုတာ ဗလာနယ် (space) ရဲ့ ကောက်ကွေးမှုတစ်ခုသာဖြစ်တယ်) ကို ချပြပြီး လအနည်းငယ် အကြာမှာ ကားလ်ရှာဝါက်ဇ်ချိုင်းဒ် (Karl Schwarzschild) ဆိုတဲ့ ဂျာမနီလူမျိုး ရူပဗေဒ ပညာရှင်က Einstein ရဲ့ Theory ကိုသုံးပြီး ကြယ်အများအပြားဝန်းရံနေတဲ့ စကြဝဠာရဲ့ ပုံစံကြမ်း ထုတ်ခဲ့ပါတယ်။ Einstein ကို အထင်ကြီးနေကြတာဆိုတော့ နည်းနည်းရှုပ်ထွေးသွားတယ်။ အဲဒီ ပုံစံကြမ်းအရ ကျွန်တော်တို့ဟာ ကြယ်တစ်လုံးရဲ့ ဒြပ်ထုကို လုံလောက်တဲ့ အရွယ်အစားအထိ ကျုံ့သွင်းလိုက်မယ်ဆိုရင် သဘာဝရဲ့ နိယာမတွေ မှားယွင်းကုန်မှာပါ။

( ကြယ်တွေသေ (လောင်စာကုန်ခမ်း) သွားရင် တွင်းနက် (Black Hole) အဖြစ်ပြောင်းသွားပါတယ် – စကားချပ်)။ ကျွန်တော်တို့ သိထားတဲ့ ဖြစ်ရပ်အတိုင်းဆိုရင် တွင်းနက် Black Hole ဆိုတာ သိပ်သည်းဆ နဲ့ ဆွဲငင်အား အဆုံးမရှိ (Infinity) ဖြစ်နေတဲ့ နေရာပါ။ နောက်ထပ် အထောက်အထားအနေနဲ့ ရူပဗေဒ ပညာရှင် ဂျေ-ရောဘတ် အော့ပန်ဟိန်းမာ (J.Robert Oppenheimer ) နဲ့ သူ့ရဲ့ တပည့်ကျောင်းသား ဟာထ်တလန် အက်စ် ဆိုင်ဒါ (Hartland S.Snyder) တို့ရဲ့ လေ့လာတွေ့ရှိချက် အရ ဒြပ်ထုကြီးမားလှတဲ့ ကြယ်တွေဟာ အမြဲတမ်း ဒီအတိုင်းပဲ တိတိကျကျ ပြုမူမယ်လို့ ဆိုပါတယ်။ ( ဆွဲငင်အား မရှိဘူးလို့ ပြောခဲ့တဲ့ သူရဲ့ Theory ဟာ Black Holes တွေကို ချွင်းချက်ပေးခဲ့ရတာကြောင့် Einstein မှားယွင်းခဲ့တာပါ – စကားချပ်)

၁။ စကြဝဠာ ရဲ့ ပြန့်ကားနေမှု (The expansion of the Universe)

စကြဝဠာ (The Universe) ရဲ့ အကြောင်းကို လေ့လာတွေရှိမှုတွေ ဖြစ်လာတိုင်းမှာ ဟုတ်ပါ့မလား ဆိုတဲ့ စိတ်နဲ့ အံဩကြရတယ် မဟုတ်လား။ Einstein အတွက်တော့ဒီကိစ္စဟာ ပြဿနာ ဖြစ်လာပြန်ပါပြီ။ စကြဝဠာတစ်ခုလုံးအတွက် ယေဘုယျ နှိုင်းရသီအိုရီကို ထုတ်လိုက်တုန်းက လူတိုင်းသိထားတဲ့ ငြိမ်နေတဲ့၊ မပြောင်းလဲတဲ့ စကြဝဠာ သာဖြစ်ခဲ့ပြီး ပြန့်ကားခြင်း၊ ကျုံ့ဝင်ခြင်း တွေရှိနေကြောင်း မသိခဲ့သေးပါဘူး။ သိပ္ပံပညာ နယ်ပယ်တစ်ခုလုံးက အသိသညာတွေကို သူ့ရဲ့ တွက်ချက်မှုတွေက ပြောင်းပြန်လှန်ပြစ်မလား? သူ့ရဲ့ တွက်ချက်မှုတွေပဲ မှားနေမလား?

အဲဒီနောက် သူဟာ စကြဝဠာဗေဒဆိုင်ရာ ကိန်းသေ ( Cosmological Constant) အဖြစ် Lambda ဆိုတဲ့ သင်္ကေတ ကို ထည့်သွင်းပြီး စကြဝဠာ ရဲ့ ကျုံ့ခြင်း၊ပြန့်ကားခြင်း ချိန်ညှိဖို့ဖြစ်ပါတယ်။ သိပ်မကြာခင် ၁၉၁၉ ခုနှစ်မှာပဲ လေ့လာချက်အသစ်တွေက စကြဝဠာ ကြီး ပြန့်ကားလာနေတာ အတည်ပြုပေးလိုက်ပါတယ်။ သူရဲ့ Cosmological Constant ကို မဟာအမှား (biggest blunder) လို့ပြောစမှတ်တွင်တော့တာပါပဲ။

သိပ္ပံပညာရှင်တွေက အဲ့ဒီ Cosmological Constant ကိန်းသေ ကို စကြဝဠာအား ပြန့်ကားစေတဲ့ အားတန်ဖိုး အဖြစ် ရည်ညွှန်းဖို့ အဆိုပြုကျပေမယ့်လည်း တစ်ကယ်တန်း အလုပ်မဖြစ်ခဲ့ပါဘူး။

၃။ လျှပ်စစ်သံလိုက်(အမှုန်) ခွဲထုတ်ခြင်း ( Quantum Entanglement)

လျှပ်စစ်သံလိုက်စွမ်းအင်ဆိုင်ရာပညာ(Quantum Mechanic ) တွေ ခေါတ်ရောက်လာတဲ့ အခါ Einstein ဟာ အဲဒီ ပညာရပ် အတွက် ကြီးကြီးမားမား ကူညီပံ့ပိုးမှုကိုရော ကြီးကြီးမားမား ဝေဖန်မှုကိုရော ပြုလုပ်ခဲ့ပါတယ်။ 1905 ခုနှစ်မှာ သူက အလင်း (Light) ဟာ အမုွန် (particle)အနေနဲ့ရော လှိုင်း (wave) အနေနဲ့ရော ပြုမူတာကို တွေ့ရှိခဲ့ပြီး (Photon)လို့ခေါ်တဲ့ အလင်းထဲမှာပါတဲ့ အမှုန် အကြောင်း ကို တင်ပြခဲ့ပါတယ်။ ဒါဟာ ပထမ လျှပ်စစ်သံလိုက် နိယာမ (The first quantum theory) ကို ထုတ်ဖော်ခဲ့တဲ့ ဝါနာဟိုင်စင်ဘတ် (Warner Heisenberg) နဲ့ အာဝင်ရှရိုဒင်ဂါ (Erwin Schrodinger) တို့ထက် ဆယ်စုနှစ် တစ်ခုစာလောက်စောနေပါတယ်။ ပထမ လျှပ်စစ်သံလိုက် နိယာမ အရ ဆိုရင် အမှုန်တစ်ခုဟာ တစ်ချိန်ထဲမှာ အနေအထား ၂ မျိုးနဲ့ တည်ရှိနေနိုင်တယ်၊ (သွားနေတာ နဲ့ ရပ်နေတာ) သင်က သူ့ရဲ့ အဟုန်(Momentum) ကို လေ့လာရင် သူ့ရဲ့ တည်နေရာ (Location) ကို မသိနိုင်ဘူး၊ တည်နေရာကိုလေ့လာရင် အဟုန်ကို မသိနိုင်ဘူး။

Einstein ကတော့ နိယာမ အသစ်ကို သိပ်မတွေးပါဘူး။ ရူပဗေဒ ပညာရှင် ဘိုးရစ် ပိုဒေါစကီး (Boris Podolsky) နဲ့ နေသန် ရိုဆန် (Nathan Rosen) တို့ကတော့ သချာၤနည်းတွေကို သုံးပြီး အမှုန် ၂ ခုကို ခွဲထုတ် လိုက်မယ်ဆိုရင် သူတို့ ၂ ခုဟာ ဗလာနယ်(space) မှာပင်ဖြစ်နေပါစေ တစ်ခုနဲ့ တစ်ခု အပြန်အလှန်ပြုမူနေတာကို တွေရကြောင်း သက်သေပြခဲ့ပါတယ်။ ဒါဟာ အမှုန် ၂ ခု ကြားထဲက အပြန်အလှန် သတင်းပို့မှုဟာ အလင်းအလျင် ထက်မြန်တယ် လို့ ဆိုလိုတာ ဖြစ်ပါတယ်။ Einstein ရဲ့ အထူးနှိုင်းယှဉ်သီအိုရီ (Special theory of relativity) အရ အလင်းထက်မြန်တာ မရှိဘူးလို့ဆိုထားပါတယ်။ အဲ့ဒါကို The EPR paradox ( Einstein–Podolsky–Rosen paradox) (Paradox- အမြင်အားဖြင့် မှားဟန်ရှိသော်လည်း သဘောတရား မှန်ကန်နေခြင်း) အဖြစ် ထားခဲ့ပါတယ်။ ဂျွန်စတီးဝတ်ထ်ဘဲလ် (John Stewart Bell) ဆိုတဲ့ ရူပဗေဒ ပညာရှင် တီထွင်လိုက်တဲ့ ယနေ့ခေတ်သုံး အမှုန်ခွဲတဲ့ နည်းပညာကိုတော့ Einstein ဟာ မသေခင် တွေ့မသွားခဲ့ရှာပါဘူး။

(မူရင်း ဆောင်းပါးကိုသာ ဆီလျော်အောင် ဘာသာပြန်တဲ့အတွက် လိုအပ်မယ်ထင်တဲ့ အချို့ အချက်တွေကို ထပ်မံ ထည့်သွင်း ပေးလိုက်ပါရစေ)

Quantum Entanglement – အလင်းထဲမှာပါဝင်တဲ့ photon ဟာ particle ၂ ခု နဲ့ ဖွဲ့စည်းထားပြီး အဲ့ဒီနှစ်ခုဟာ ရူပဗေဒနည်း အရ အပြန်အလှန်ဆက်ဆံမှု (interact) ရှိတယ်။ လေဆာရောင်ခြည်ကို ကျောက်သလင်းထဲ ဖြတ်စေခဲ့မယ်ဆိုရင် ဒီအမှုန်တွေဟာ အကွာအဝေးတစ်ခုအထိခြားနားသွားမှာဖြစ်ပြီး တစ်ခုကိုနေရာရွေ့စေတာနဲ့ နောက်တစ်ခုပါ ချက်ချင်းနေရာလိုက်ရွေ့တာဖြစ်ပါတယ်။ အလင်းအလျှင်ထက် အဆ ၁၀၀၀၀ လောက် ဝေးစေဦးတော့ သီအိုရီ အရ သူတို့ ၂ ခုဟာ ချက်ချင်း interact ဖြစ်ပါတယ်။ လက်တွေ့စမ်းသပ်မှုကတော့ ၅၀၀ ကီလိုမီတာ ပဲလုပ်ခဲ့တာဖြစ်ပါတယ်။ Einstein က ဒီအဖြစ်ကို ”Spooky action at a distance” လို့ဆိုခဲ့ပြီး ဆီလျော်အောင် ပြောရရင် ”အံဩကုန်နိုင်ဖွယ် ဖြစ်ရပ်ပဲ” လို့ ပြောခဲ့ပါတယ်။

Photons- သေးငယ်လှပြီး လျှပ်စစ်စွမ်းအင်ကို ထုပ်ပိုးထားတဲ့ စွမ်းအင်ထုပ်ကလေးတွေ ဖြစ်တယ်။ ဒြပ်ထု 0 ဖြစ်ပြီး အလင်းရဲ့အလျင်နဲ့ သွားနိုင်တယ်။ အလင်းဆိုတာ photon တွေ စီးဆင်းရာ လမ်းကြောင်းတစ်ခုသာ ဖြစ်ပြီး photon တွေဟာ အမှုန်အနေနဲ့ရော လှိုင်း အနေနဲ့ရော လုပ်ဆောင်တာဖြစ်ပါတယ်။

Einstein’s special relativity theory- E=mc²

E=energy (စွမ်းအင်) m=mass (အရာဝထ္ထု ၏ ဒြပ်ထု) c=speed of light (အလင်း၏အလျင်)

အရာဝထ္ထု တစ်ခုဟာ အလင်းရဲ့ အလျင်နဲ့ သွားနိုင်ဖို့ အဆုံးမဲ့ စွမ်းအင်လိုပါတယ်။ အဆုံးမဲ့ စွမ်းအင် အတွက် အဆုံးမဲ့ ဒြပ်ထုလိုပါတယ်။ ရူပဗေဒ သဘောမှာ အဆုံးမဲ့ ဆိုတာ မရှိပါဘူး။ အဲ့ဒီတော့ ဘယ်အရာကမှ အလင်းလိုမျိုး မသွားနိုင်ပါဘူး။ ဒီသီအိုရီ တစ်ခုနဲ့တင် စကြဝဠာ ထဲက အကြောင်းအရာ တော်တော်များများကို ရှင်းပြလို့ရပါတယ်။ နောက်အကြောင်းတိုက်ဆိုင်တဲ့အခါ အလျင်းသင့်သလို တင်ပြပေးသွားပါ့မယ်။

Ref: Curiosity ”3 things Einstein got wrong”

Zuluu(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top