မဟုတ်မမှန်သတင်းတွေ Facebook ပေါ်ကနေ ဖယ်ဖို့ မက်ဇူကာဘတ် ဆုံးဖြတ်လိုက်ပြီ

Mark-Zuckerberg.jpg

မဟုတ်မမှန်သတင်းတွေကို Facebook ပေါ်ကနေ ဖယ်ဖို့အတွက် မက်ဇူကာဘတ်ဟာ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သူ့ရဲ့ Facebook Status မှ ပြောဆိုခဲ့ ပါတယ်။

ဒေါ်နယ်ထရန့်နိုင်သွားတာဟာ ဟီလာရီ ကလင်တန်အပေါ် မဟုတ်မမှန်သတင်းများစွာဖြ့င် ဖြန့်ကြတဲ့ Fake News တွေကြောင့် ဖြစ်ကြောင်း လူအများ ပြောဆိုခဲ့ကြပါတယ်။ မက်ဇူကာဘတ်ကို စာပို့ပြောသည်အထိ ဖြစ်ခဲ့ပြီး အစပိုင်းကတော့ ဒါဟာ Facebook အမှား မဟုတ်ကြောင်း မက်ဇူကာဘတ်လည်း ခံငြင်းခဲ့ပါသေးတယ်။

နောက်တော့ သမ္မတ အိုဘားမားကိုယ်တိုင် ဆိုရှယ်မီဒီယာပေါ်က Fake News တွေကို မယုံကြဖို့ သေချာ စိစစ်ဖို့အတွက် ခြုံငုံပြောဆိုမှု တစ်ခုကို ပြုလုပ်ခဲ့တာကြောင့် မက်ဇူကာဘတ်လည်း သူ့ရဲ့ ခံယူချက်ကို ပြန်လည် ပြောင်းလိုက်ရတဲ့ အနေအထား ဖြစ်ပါတယ်။ သမ္မတအိုဘားမားအနေနဲ့လည်း အခြား ပါတီဘက်ကို တိုက်ရိုက် ရည်ညွန်း ပြောဆိုခြင်း မဟုတ်ဘဲ ယေဘုယျအားဖြင့် ပြောဆိုမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟီလာရီ ဘက်တော်သားများကတော့ အိုဘားမား ဘာကို ဆိုလိုတယ် ဆိုတာကို သိရှိနေကြ ပါတယ်။ မက်ဇူကာဘတ် အနေနဲ့လည်း Facebook ပေါ်ကနေ ငွေ တစ်သောင်း ရမယ်၊ တစ်သန်း ရမယ် အစရှိသဖြင့် မဟုတ်မမှန် မျှားခေါ်တဲ့ သတင်းတွေက စလို့ သတင်းမှား၊ အလိမ်အညာ သတင်းများကို တိုက်ထုတ် ဖယ်ရှားသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ရလဒ်အနေနဲ့ ကတော့ Facebook ပေါ် Post တင်သူများအတွက် စစ်ဆေးမှု အဆင့်အချို့ကို ရရှိနိုင်လာချေ ရှိပါတယ်။ အထူးသဖြင့် Facebook Page များ ဖြစ်ပါတယ်။

Ref: Mashable; ” Mark Zuckerberg finally shares a plan to fight fake news on Facebook”

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top