ကမ္ဘာ့အသက်အကြီးဆုံး Ironman အမျိုးသမီး

ironlady_large.jpg

ပုံမှာ မြင်တွေ့နေရတဲ့အမျိုးသမီးဟာ ၁၉၃၀ ခုနှစ်ဖွားဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး Ironman (သံမဏိလူသား) အားကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။ သူဟာ ခရစ်ယာန်သီလရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အမည်ကတော့ မက်ဒေါနားဘူဒါး ( Madonna Buder ) ဖြစ်ပြီး အမေရိကန်နိုင်ငံသူတစ်ဦးပါ။

အသက် (၅၂) နှစ်အရွယ်မှာ Ironman ကို စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယနေ့အထိ ပွဲပေါင်း (၄၅) ခုထက်မနည်းကို ဝင်ရောက်ယှဉ်ပြိုင်ထားပြီး ဖြစ်ပါတယ်။ သူယှဉ်ပြိုင်တဲ့ Ironman ပြိုင်ပွဲတွေက ရေကူး၊ စက်ဘီးစီးနဲ့ အပြေး တို့ပါဝင်ပြီး စုစုပေါင်းခရီးအကွာအဝေးက မိုင်ပေါင်း ၇၀ ကျော်ပါတယ်။ သတ်မှတ်ပေးချိန် (၁၇) နာရီရှိပြီး ယင်း (၁၇) နာရီအတွင်းမှာ အပြီးလုပ်ရတဲ့ အားကစား ဖြစ်ပါတယ်။ သူ့ရဲ့အားကစားသမားဘဝသက်တမ်းတစ်လျှောက်မှာ သက်မှတ် (၁၇) နာရီထဲမဝင်တာ ၂ ကြိမ်၊ ၃ ကြိမ်ပဲရှိဖူးပြီး များသောအားဖြင့် ၁၅ နာရီ၊ ၁၆ နာရီ အတွင်း ပန်းဝင်လေ့ရှိပါတယ်။

အသက် (၇၅) နှစ်ကစလို့ ကမ္ဘာ့အသက်အကြီးဆုံး Ironman (သံမဏိလူသား) အားကစားသမားအဖြစ် စံချိန်တင်ပြီး နောက်ဆုံးစံချိန်ကိုတော့ အသက် (၈၂) နှစ် အရွယ်မှာ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့အထိလည်း ဆက်လေ့ကျင့်ဆဲဖြစ်ပြီး ကျန်းကျန်းမာမာရှိနေဆဲဖြစ်ပါတယ်။

သူ့ရဲ့ မိတ်ဆွေက အဲဒီအားကစားနည်းကိုလုပ်ဖို့တိုက်တွန်းခဲ့ပြီး Mind, Body, Spirit ဆိုတဲ့ အချက်သုံးချက်အတွက် ဒီအားကစားနည်းကို ရွေးချယ်ခဲ့ကြောင်း သူကဆိုပါတယ်။ အသက်ကြီးပေမဲ့ စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး စိတ်ဓာတ်ကြံ့ခိုင်စေကြောင်းလည်း ဆိုပါတယ်။ ဒါကြောင့်မို့ အားကစားဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘဲ အချိန်မရွေးလုပ်နိုင်ကြောင်း သူက သက်သေပြခဲ့ ပါတယ်။

Ref: Trendspotters “Meet Sister Madonna Buder, a true inspiration to youth!”
ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top