မျက်စိတစ်ဖက် ဆုံးရှုံးခဲ့လို့ မျက်လုံးတုဖန်တီးသူ ဖြစ်လာတဲ့ တရုတ်အမျိုးသမီး

6-12-2022-yyl-01.jpg

ယာဉ်မတော်တဆမှုကြောင့် မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ တရုတ်အမျိုးသမီးဟာ နာမည်ကျော် မျက်လုံးတု ဖန်တီးသူ ဖြစ်လာခဲ့ပါတယ်။ ရှားတုံဟာ ၂၀၁၃ ခုနှစ်တုန်းက ယာဉ်မတော်တဆမှု ဖြစ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သူ့အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။

သူ့ရဲ့ပုံပန်းသဏ္ဍာန်ကြောင့် ယုံကြည်မှုကျဆင်းပြီး လူတွေကို ရှောင်ဖယ်တာမျိုး ရှားတုံ မလုပ်ခဲ့ပါဘူး။ ဆိုးရွားတဲ့အခြေအနေကိုတောင် သူ့အတွက် အကောင်းဆုံးဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ သူက မျက်လုံးတုဖန်တီးမှုကို တစိုက်မတ်မတ် လေ့လာခဲ့တာပါ။ ရှားတုံက သူတပ်ဆင်မယ့် မျက်လုံးတုတွေကို သူကိုယ်တိုင် ဖန်တီးခဲ့ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။

ရှားတုံဟာ အစစ်နဲ့ ခွဲမရအောင်တူတဲ့ မျက်လုံးတုတွေ ဖန်တီးရာမှာ ကျွမ်းကျင်ပိုင်နိုင်ပေမဲ့ သူ့ကို အဓိကကျော်ကြားစေတာကတော့ အရောင်အမျိုးမျိုးထွက်စေတဲ့ ဇီဝမျက်စိ(bionic eye)ဖန်တီးမှုတွေပါပဲ။ တရုတ်နိုင်ငံရဲ့ နာမည်ကျော်မီဒီယာတွေကတောင် သူ့အကြောင်း ဖော်ပြခဲ့ကြပါတယ်။

သူ့လို အခြေအနေ ရင်ဆိုင်နေရသူတွေကို ကူညီပေးဖို့ ရည်ရွယ်ပြီး မျက်လုံးတုတွေ စတင်ဖန်တီးခဲ့တာလို့ ရှားတုံက ဆိုပါတယ်။ အခုချိန်မှာတော့ ရှားတုံက အသက် ၂၈ နှစ်ရှိနေပါပြီ။ သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ ဆိုးရွားတဲ့ အခြေအနေမှာ အပြုသဘောဆောင်တဲ့ စိတ်ထား ထားနိုင်မှုတွေကိုတော့ လူမှုကွန်ရက် အသုံးပြုသူတွေက ချီးကျူးနေကြပါတယ်။

Ref: Young Girl Who Lost an Eye in Car Accident Becomes Bionic Eye Master

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top