မိဘနဲ့သားသမီး နှုတ်ခမ်းတေ့ အနမ်းပေးတာမှန်ရဲ့လား

mother.gif

မြန်မာပြည်မှာတော့ သိပ်မရှိပေမယ့် အနောက်တိုင်းမှာ မိဘနဲ့သားသမီးကြား နှုတ်ခမ်းတေ့ပြီး အနမ်းပေးတာဟာ Trend တစ်ခုအဖြစ်ရှိနေပါသေးတယ်။ အချို့ ဟောလိဝုဒ်ရုပ်ရှင်တွေမှာတောင် မြင်တွေ့ရပါလိမ့်မယ်။

အချို့မိဘတွေကျတော့ ကလေးအသက် (၈) နှစ်ဝန်းကျင်လောက်အထိ ရောက်ပြီဆိုရင် ပါးစပ်တေ့နမ်းတာရပ်လိုက်ပေမယ့် အချို့ခါကျတော့ အသက်ကြီးသွားတဲ့အထိ နမ်းနေကြဆဲ ဖြစ်ပါတယ်။ သူတို့ကို ဗြိတိန်မှာ ယခုလို စစ်တမ်းကောက် အဖြေရှာခဲ့ ပါတယ်။ ပုံမှာမြင်တွေ့နေရတာဟာ စုံတွဲတွေ မဟုတ်ပါဘူး။ အမေနဲ့သား၊ အဖေနဲ့ သမီး၊ အမေနဲ့ သမီး များသာ ဖြစ်ပါတယ်။ နမ်းတဲ့အချိန်အားဖြင့်ကတော့ (၂) စက္ကန့်ဝန်းကျင်လောက်အထိပဲ ကြာပါတယ်။ အဖေများက သားတွေကို မနမ်းပါဘူး။ အမေများကတော့ သမီးကို နမ်းပါတယ်။ ဆေးပညာရှင်အချို့ရဲ့ပြောဆိုချက်ရ ယင်းဟာ မလုပ်သင့်ကြောင်းတောင် ဆိုပါတယ်။ ဘာကြောင့်လဲဆို အသက် (၄) နှစ်နောက်ပိုင်းရောက်ပြီဖြစ်တဲ့ကလေးများအနေဖြင့် နှုတ်ခမ်းမှာအနမ်းခံရတဲ့အခါ Sexual stimulation စတင်ဖြစ်ပေါ်ပြီ ဖြစ်ပြီး ပထမဆုံး အနေနဲ့ခံစားချက် တစ်မျိုး ဖြစ်တတ်ကြောင်း ဆိုပါတယ်။ သူတို့ဟာ ကြီးပြင်းလာတဲ့အခါ စိတ်နေစိတ်ထား emotion တွေဟာ အခြားလူများနဲ့ကွဲပြားနိုင်ကြောင်းတောင် ဆိုပါတယ်။

ဒါပေမယ့် ပုံမှာ မြင်တွေ့ရတဲ့မိဘ၊ သားသမီးများကျတော့ ပုံမှန်ပါပဲ။ အသက် (၆၀) ကျော်အမေနဲ့ (၃၀) ကျော် သားနဲ့ နမ်းတဲ့ ဓာတ်ပုံဆို အင်တာနက်ပေါ်ရောက်တဲ့အခါစုံတွဲလားလို့တောင် အမေးခံရပါတယ်။ ထိုနည်းတူစွာပဲ ဗိုက်ကြီးသည် သမီးနဲ့သူ့အဖေနမ်းတဲ့အခါ သူ့အဖေ နောက်အိမ်ထောင်ပြုလေသလားလို့ အမေးခံရပါတယ်။ ဒီလိုပါပဲ သူတို့ အနောက်တိုင်းက လူမှုပတ်ဝန်းကျင်မှာတောင် မိဘနဲ့ သားသမီးကြား နမ်းမှုအပေါ် လက်ခံသူများရှိသလို မြင်ရတာ မတင့်တယ်ဘူးလို့ မြင်တဲ့အသိုင်းဝိုင်းလည်း ကျယ်ပြော ပါတယ်။

မိဘများအနေနဲ့သားသမီးပေါ်ချစ်တဲ့ အချစ်ကို ပြသလို၊ သားသမီးအနေနဲ့လည်း မိဘရဲ့ နှုတ်ခမ်းတေ့နမ်းတာကို ရရှိတဲ့အခါ သူတို့ကိုကလေးလိုပဲ ပြန်ပြီးတော့ ခံစားရစေကြောင်း ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကို လက်ခံသူနဲ့လက်မခံသူများက ရှိနေပါတယ်။ စာဖတ်သူတို့ရဲ့ အမြင်လေးများလည်း မျှဝေပေးပါအုံး။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top