ကမ္ဘာတစ်ဝှမ်းမှာ YouTube ဗီဒီယိုကြည့်မရတဲ့ပြဿနာကို ကြုံတွေ့ခဲ့ရ

11-11-2020-yyl-016.jpg

ကမ္ဘာတစ်ဝှမ်းမှာ YouTube ချို့ယွင်းမှုဖြစ်ပွားပြီး အသုံးပြုသူတော်တော်များများဟာ သူတို့ကြုံတွေ့နေရတဲ့ပြဿနာတွေကို ထုတ်ပြောရင်းနဲ့ အခုတော့ YouTube က ပြန်လည်ကောင်းမွန်သွားခဲ့ပါပြီ။ အသုံးပြုသူတွေက YouTube TV နဲ့ YouTube Music တွေကို ကြည့်လို့မရတဲ့အတွက် YouTube ဝင်ရတာနဲ့ ပတ်သက်တဲ့ပြဿနာတွေကို YouTube site မှာ သတင်းပို့လာကြတယ်လို့ Down Detector အရ သိရပါတယ်။ ဒီနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီ ၁၂ မိနစ်ဝန်းကျင်မှာ Report တွေ စတက်လာပြီး ၈ နာရီ ၄၃ မိနစ်မှာ ဗီဒီယိုကြည့်မရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပြီလို့ Team YouTube က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

အဲဒီပြဿနာကို ကြုံတွေ့ရလို့ သတင်းပို့လာတဲ့ လူတွေက UK ကနေ သြစတြေးလျနိုင်ငံအထိပါပဲ။ အသုံးပြုသူ ၉၆ ရာခိုင်နှုန်းက သူတို့ရဲ့ကိုယ်ပိုင်ချန်နယ်မှာရော၊ အခြားသူတွေရဲ့ချန်နယ်မှာပါ ဗီဒီယိုကြည့်တဲ့အခါ Loading ဖြစ်နေတယ်လို့ မကျေမနပ်ဖြစ်ကာ ထုတ်ပြောနေကြတာပါ။ YouTube ဗီဒီယိုတွေကြည့်ဖို့ ကြားခံဆက်သွယ်ပေးတဲ့ Search Bar နဲ့ Video thumbnails တို့လည်း ဝင်လို့ရနေပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး TeamYouTube က “အခု မင်းတို့ YouTube မှာ ဗီဒီယိုကြည့်ရတာ error တတ်နေတယ်ဆိုရင် မင်းတို့တစ်ယောက်တည်းမဟုတ်ပါဘူး။ ကျွန်တော်တို့အဖွဲ့လည်း ဒီပြဿနာ သိပြီး ပြင်ဆင်နေပါတယ်။ နောက်ဆုံးရသတင်းကို ဆက်လက်တင်ပြသွားပါမယ်” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

YouTube အသုံးပြုသူအများအပြားကလည်း ဒီပြဿနာကို ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ကာ ထုတ်ပြောလာကြပါတယ်။ တချို့ဆို memes လုပ်ပြီးတော့တောင် YouTube error ဖြစ်နေတာကို ပြောနေကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ Wifi၊ အင်တာနက်တွေကို အဖွင့်အပိတ် အခါ (၁၀၀) လုပ်နေတယ်လို့ စနောက်ပြောဆိုနေကြပါတယ်။

Youtube ကို အသုံးပြုတဲ့သူ တစ်လကို ၂ ဘီလျံဝန်းကျင်ရှိပါတယ်။ လူတွေက နေ့တိုင်း YouTube ကနေ ဗီဒီယိုတွေကို နာရီပေါင်း (၁) ဘီလျံကျော် ကြည့်ကြပါတယ်။

Ref: Independent “Youtube down: Users experience loading issues worldwide”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top