Fantastic Beasts 3 မှာ ဂျွန်နီဒက်ပ် ပြန်ပါဝင်ဖို့ လက်မှတ်ရေးထိုးတောင်းဆိုနေတဲ့ ပရိသတ် (၁) သိန်းကျော်ရှိနေ

12-11-2020-yyl-002.jpg

ဟောလိဝုဒ်နာမည်ကျော်မင်းသားကြီး ဂျွန်နီဒက်ပ်ဟာ Fantastic Beasts တတိယမြောက်ဇာတ်ကားကနေ နှုတ်ထွက်လိုက်ပြီဆိုတာကို ပြီးခဲ့တဲ့အပတ်က ထုတ်ပြောလာခဲ့ပါတယ်။ သူ့ကို ဇနီးရိုက်နှက်သူအနေနဲ့ The Sun သတင်းတိုက်က ရေးသားခဲ့တဲ့အတွက် တရားစွဲဆိုခဲ့တဲ့ အမှုဟာ ရှုံးနိမ့်သွားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့အပတ်က ဇာတ်ကားကနေ နှုတ်ထွက်ခံခဲ့ရတာဖြစ်ပါတယ်။ Fantastic Beasts ဇာတ်ကားကနေ ဂျွန်နီဒက်ပ်နှုတ်ထွက်ခံရတာနဲ့ပတ်သက်ပြီး ပရိသတ်တွေကလည်း မကျေမနပ်ဖြစ်နေကြပါတယ်။ တချို့ဆိုရင် ဂျွန်နီဒက်ပ်မပါဝင်တော့တဲ့အတွက် ဒီဇာတ်ကားကို မကြည့်တော့ဘူးလို့တောင် ပြောနေကြပါတယ်။

ပရိသတ်တွေက ဂျွန်နီဒက်ပ်ကိုပဲ အဲဒီဇာတ်ကောင်နေရာမှာ ပြန်မြင်ချင်တယ်။ သူ့ကို ပြန်မငှားဘူးဆိုရင် ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဆန္ဒပြမယ်လို့လည်း အသနားခံလွှာမှာ လက်မှတ်ရေးထိုးပါဝင်နေကြပါတယ်။ လက်ရှိအချိန်အထိတော့ ဇာတ်ကားမှာ ဂျွန်နီဒက် ပြန်ပါဝင်ဖို့ အသနားခံလွှာမှာ လက်မှတ်ရေးထိုးပါဝင်ခဲ့သူ (၁) သိန်းကျော်ရှိနေပါပြီ။

ဟောလိဝုဒ်လောကရဲ့ A စာရင်းဝင်မင်းသားကြီး ဂျွန်နီဒက်ပ်က Fantastic Beasts ဇာတ်ကားရဲ့ Gellert Gindlewald ဇာတ်ကောင်နေရာကနေ နှုတ်ထွက်ဖို့ တောင်းဆိုခံခဲ့ရတာဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြောလာခဲ့တဲ့အပြင် အဲဒီနေ့တစ်နေ့တည်းမှာပဲ Fantastic Beasts 3 ရိုက်ကူးရေးကို ရပ်ထားမယ်လို့လည်း Warner Bros က ကြေညာခဲ့ပါတယ်။ ကိုဗစ်ဖြစ်ပွားမှုကြောင့် ရပ်နားခဲ့ရတဲ့ Fantastic Beasts 3 ရိုက်ကူးရေးဟာ ပြီးခဲ့တဲ့လကမှ ရိုက်ကူးရေးပြန်စတင်ခဲ့ပေမဲ့ ဂျွန်နီဒက်ပ် နှုတ်ထွက်ခဲ့ရပြီးတဲ့နောက်မှာ ရပ်နားခဲ့ရပြန်ပါတယ်။ အစက ဒီဇာတ်ကားကို ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ ရုံတင်ပြသဖို့ စီစဉ်ခဲ့ပေမဲ့ အခုတော့ ရုံတင်ပြသမယ့်ရက်ကို ၂၀၂၂ခုနှစ်အထိ ရွေ့ဆိုင်းထားရပါတယ်။ Warner Bros ကလည်း ဇာတ်ကားရုံတင်ပြသမယ့်ရက် ၂၀၂၂ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ မှာ ရုံတင်ပြသသွားမှာပါလို့ ကြေညာခဲ့ပါတယ်။

Warner Bros က ဂျွန်နီဒက်ပ်ကို Gellert Grindewald ဇာတ်ကောင်ကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုလာခဲ့တဲ့အတွက် သူကလည်း သူတို့ရဲ့တောင်းဆိုမှုကို လေးစားတဲ့အတွက် သဘောတူပေးခဲ့ပါတယ်။ Warner Bros ကလည်း ဒီဇာတ်ကားမှာ ဂျွန်နီဒက်ပ် မပါဝင်တော့ကြောင်းနဲ့ အဲဒီဇာတ်ကောင်အတွက် သရုပ်ဆောင်အစားထိုးမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဂျွန်နီဒက်ပ်က ဇာတ်ကားကနေ နှုတ်ထွက်ခဲ့ရပေမဲ့ သူ ပါဝင်သရုပ်ဆောင်ပေးပြီးသွားခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းအတွက် ဒေါ်လာ ၁၀ သန်း အပြည့်အဝရရှိမယ်လို့ သိရပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေး Warner Bros က ဂျွန်နီဒက်ပ်ကို သူ့ရဲ့စာချုပ်အရ လစာအပြည့်ပေးသွားမယ်လို့ ဆိုပါတယ်။

Ref: Tribune & Ladbible

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top