YouTuber တစ်ဦးတီထွင်ခဲ့တဲ့ လေးထောင့်ဘီးတပ်စက်ဘီး

17.4.2023-yyl-iamge-1.jpg

ပုံမှန်စက်ဘီးတွေလိုမဟုတ်တဲ့ ဒီလေးထောင့်ဘီးတပ်စက်ဘီးကို “The Q” YouTube ချန်နယ်ရဲ့ ဆာဂီ ဂျော်ဒိုင်အီဗ်ဆိုသူက တီထွင်ဖန်တီးခဲ့တာပါ။ ဆာဂီက စက်ဘီးတွေကို စူးစမ်းလေ့လာစမ်းသပ်ရတာကို နှစ်သက်တဲ့သူပါ။ ဒါကြောင့် လေးထောင့်ဘီးတွေကလည်း မောင်းနှင်လို့ရမရ သိရအောင် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆာဂီက ခြေနင်းနှင်လိုက်တာနဲ့ လေးထောင့်အောက်ခံဘောင်တွေ မရွေ့ဘဲ တာယာတွေရွေ့လျားသွားမယ့် ပုံစံဖန်တီးခဲ့တာပါ။ လေးထောင့်ဘီးပြုလုပ်ပုံအပါအဝင် လေးထောင့်ဘီးနဲ့လည်း ရွေ့လျားသွားနိုင်တယ်ဆိုတာကို ပြသတဲ့ ဗီဒီယိုကိုလည်း ဧပြီလ ၉ ရက်နေ့က တင်ခဲ့ပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: YouTuber Makes A Square-Wheeled Bicycle That Works

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply