လစ်ဗျားမှာတိုက်ပွဲဝင်နေတဲ့ ကြေးစားစစ်သည်တွေအတွက် ရုရှားနိုင်ငံက တိုက်လေယာဉ်တွေ စေလွှတ်ပေးနေတယ်လို့ အမေရိကန် စွပ်စွဲ

27-5-2020-yyl-011.jpg

လစ်ဗျားစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရုရှားကြေးစားစစ်သည်တွေကို ထောက်ပံ့ပေးဖို့အတွက် ရုရှားနိုင်ငံက လစ်ဗျားကို တိုက်လေယာဉ်တွေ စေလွှတ်ပေးနေတယ်လို့ အမေရိကန်စစ်တပ်က စွပ်စွဲခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ အာဖရိကကွပ်ကဲရေးစခန်းရဲ့ စွပ်စွဲချက်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်ခြင်းမရှိသေးပါဘူး။ အခုလ အစောပိုင်းမှာ ပေါက်ကြားခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ခုအရ Wagner Group အဖွဲ့ရဲ့ ရာနဲ့ချီတဲ့ ကြေးစားစစ်သည်တွေက လစ်ဗျားမှာ လှုပ်ရှားနေတယ်လို့ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံက လစ်ဗျားဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာရဲ့တပ်ဖွဲ့ကို ထောက်ခံထားပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်လက်ရော့ဗ်က လစ်ဗျားပဋိပက္ခနဲ့ပတ်သက်ပြီး ခါလီဖာဟက်ဖ်တာကို ဖုန်းဆက်ဆွေးနွေးခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။ အဲဒီဆွေးနွေးမှုမှာ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမှုလုပ်ဖို့ ဆာဂိုင်လက်ရော့ဗ်က တိုက်တွန်းခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top