ဘိုလစ်ဗီးယားနိုင်ငံမှာ ယာယီသမ္မတကို လက်မခံသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်

yyl-012-7.jpg

ဘိုလစ်ဗီးယားနိုင်ငံမှာ သမ္မတဟောင်း မိုရာလက်စ်ကို အားပေးထောက်ခံသူတွေက ယာယီသမ္မတသစ်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့ကြပြီး အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့လို့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ သမ္မတရာထူးကနေ မိုရာလက်စ် နုတ်ထွက်သွားခဲ့ပါတယ်။

မိုရာလက်စ်ဟာ လုံခြုံရေးအခြေအနေ စိုးရိမ်ပူပန်တဲ့အတွက် မက္ကဆီကိုနိုင်ငံမှာ သွားရောက်ခိုလှုံခဲ့ပါတယ်။ သမ္မတရာထူးကနေ မိုရာလက်စ် နုတ်ထွက်သွားချိန်မှာ အတိုက်အခံပါတီဝင် အထက်လွှတ်တော်အမတ် အေနက်ဇ်က ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ မိုရာလက်စ်အပေါ် အားပေးထောက်ခံသူတွေက အေနက်ဇ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး သမ္မတနန်းတော်ကို ချီတက်ခဲ့ရာမှာ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်
ဖြစ်ခဲ့တာပါ။

ဆန္ဒပြသူတွေက သစ်ချောင်းတွေ၊ သံပြားတွေကို လက်နက်အဖြစ် အသုံးပြုခဲ့ကြပြီး ”ပြည်တွင်းစစ် ဖြစ်နေပြီ”လို့ ဟစ်အော်ခဲ့ကြပါတယ်။ မိုရာလက်စ်ကို သစ္စာစောင့်သိတဲ့ လွှတ်တော်အမတ်တွေကလည်း သမ္မတရာထူးအတွက် အေနက်ဇ်က တရားဝင်ရဲ့လားဆိုတာကို စိန်ခေါ်နေကြပါတယ်။ ဒါပေမဲ့ ဘိုလစ်ဗီးယားနိုင်ငံရဲ့ အခြေခံဥပဒေအရ သမ္မတရာထူး လစ်လပ်သွားရင် သူ့အနေနဲ့ ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမယ်လို့ အေနက်ဇ်က တုံ့ပြန်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top