ကျောင်းသားတွေကို သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ဆရာမ ဖမ်းဆီးခံရ

yyl-011-7.jpg

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်မှာနေထိုင်တဲ့ ဆရာမတစ်ယောက်ဟာ ကျောင်းသားတွေကို သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ အသက် ၅၈ နှစ်အရွယ်ရှိတဲ့ ဆရာမ ဂျုံးစ်ဟာ ဆီယက်တယ်မြို့တောင်ဘက် ၃၅ မိုင်အကွာမှာရှိတဲ့ အမ်မရယ်ရစ်ချ်အထက်တန်းကျောင်းမှာ ဂျီသြမေတြီပညာရပ် သင်ကြားနေသူပါ။ သူ့အနေနဲ့ ကျောင်းသားတွေကို ဘာကြောင့် ဒီလိုခြိမ်းခြောက်ခဲ့လဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

ဂျုံးစ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ညကတည်းက အရွယ်ရောက်ပြီးသူတစ်ယောက်ကို သေနတ်နဲ့ပစ်မယ်လို့ စတင်ခြိမ်းခြောက်ခဲ့တာပါ။ ခြိမ်းခြောက်ခံရသူက ဒေသခံပညာရေးအရာရှိတွေထံ တိုင်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပညာရေးအရာရှိတွေက တရားဥပဒေစိုးမိုးရေးရုံးကို ဆက်သွယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ရဲတပ်ဖွဲ့တွေက ဂျုံးစ်ရဲ့အိမ်ကိုသွားပြီး
စစ်ဆေးမေးမြန်းချိန်မှာ ဂျုံးစ်က ခြိမ်းခြောက်နေဆဲဖြစ်လို့ သူ့ကို စခန်းခေါ်ပြီး ထိန်းသိမ်းခဲ့တာပါ။ ဂျုံးစ်က ကျောင်းသားတွေကို နွေးနွေးထွေးထွေး ညင်ညင်သာသာ ဆက်ဆံတဲ့ ဆရာမတစ်ယောက်ဖြစ်လို့ ဒီသတင်းကြားရတာ အရမ်းတုန်လှုပ်မိတယ်လို့ ဂျုံးစ်ရဲ့ တပည့်တစ်ယောက်က ပြောပါတယ်။ ဂျုံးစ်ကို စွဲချက်တော်တော်များများနဲ့ စွဲချက်တင်ထားတယ်လို့ စုံထောက်အရာရှိက ဆိုပါတယ်။ ဒါပေမဲ့ ဂျုံးစ်ကို ဖမ်းဆီးခဲ့ချိန်မှာ လက်နက်တစ်ခုမျှ တွေ့ရခြင်းမရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top