လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပလက်စတစ် အပိုင်းအစများစွာ ရှိနေ

44717965_2163259667071327_2252735824497999872_n.jpg

လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပလက်စတစ် အဆိပ်သင့်နေပြီလို့ သိပ္ပံပညာရှင်တွေက ပထမဆုံးအကြိမ် အတည်ပြု ပြောဆိုလိုက်ပါတယ်။

အလွန်သေးငယ်တဲ့ ပလက်စတစ် အပိုင်းအစလေးတွေ များစွာ တွေ့ရှိခဲ့ပြီးနောက် လူတွေရဲ့ ခန္ဓာကိုယ်ထဲကို နေ့စဉ်နဲ့အမျှ အစားအသောက်တွေကနေ ပလက်စတစ် ဘယ်လောက်ပမာဏ ရောက်ရှိနေလဲဆိုတာ တွက်ချက်ရတော့မယ်လို့ ဆိုပါတယ်။

ပင်လယ် မြစ်ချောင်းတွေထဲက ပလက်စတစ်တွေကို စားသုံးမိတဲ့ ငါးတွေကိုတစ်ဆင့် ပြန်လည်စားသုံးတာ၊ ပလက်စတစ်နဲ့ တစ်ခါသုံး ဖော့ဗူးလို ထုပ်ပိုးမှုတွေအပြင် ပလက်စတစ် ရေသန့်ဗူးတွေထဲက ရေကို နေ့စဉ်သောက်သုံးနေတာတွေကလည်း အဓိက အချက်တစ်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် မဟုတ်ပေမဲ့ သွယ်ဝိုက်တဲ့ နည်းအမျိုးမျိုးနဲ့ ပလက်စတစ် ထုထည်ကြီးကြီးမားမား စားသုံးမိသလို ဖြစ်လာစေတာပါ။ ဘီယာ၊ သကြား၊ အိမ်သုံးဆား၊ သောက်သုံးရေ စတဲ့ အခြေခံစားသုံးတဲ့ အစားအစာတွေ အားလုံးမှာ အလွန်သေးငယ်တဲ့ ပလက်စတစ် အမှုန်လေးတွေ (Microplastics) ကို တွေ့ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

ဆိုးကျိုးအနေနဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်ကျဆင်းစေသလို ကင်ဆာစတဲ့ ရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဓိကအားဖြင့် ပလက်စတစ် အပိုင်းအစလေးတွေဟာ သွေးစီးဆင်းမှု လမ်းကြောင်းအတိုင်း အသည်းကို ရောက်ရှိသွားပြီး အသည်းရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ပလက်စတစ် အမှုန်လေးတွေဟာ အရွယ်အစားအားဖြင့် ၅၀ ကနေ ၅၀၀ မိုက်ခရိုမီတာ (Micrometres) ကြားရှိပြီး လူတွေရဲ့ ဆံပင်ကတောင် ၁၇ ကနေ ၁၈၁ မိုက်ခရိုမီတာ အရွယ်အစားလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

Ref: Daily Mail “Proof Humans are eating plastic : Expects find nine different types of microplastic”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top